[Unicode]
"မြေးလေးရယ် ဘယ်တွေသွားနေတာလဲ။
ဖုန်းဆက်တာလည်း မကိုင်တော့ စိတ်ပူနေတာ။
မြေး Daddyလည်း စိတ်ဆိုးနေတယ် သွားလိုက်အုံး"ရိပေါ်ကတော့ မြေးDaddyစိတ်ဆိုးနေတယ် ဆိုတာနဲ့တင်ကို အပေါ်ကို မတက်ရဲတော့။
အဲ့တာ ဟိုနှစ်ကောင်ကြောင့် မလိုက်ပါဘူးလို့ ပြောတာကို အတင်းခေါ်လို့ လိုက်သွားရတာ။
8နာရီဆို ပြန်ရမှာ သိသိကြီးနဲ့ သူကိုယ်က မေ့တာ။
အခုတော့9နာရီတောင် ကျော်နေပြီ။
သေသာသေလိုက်ချင်ပါတယ်။
Daddyကို ကြောက်ပါတယ်ဆို။ဒေါက်~~ဒေါက်~~
"Daddy....အူကြူး၀င်ခဲ့မယ်နော်"
အဲ့တာ၀မ်ရိပေါ်ပါပဲ။သူ့Daddyစိတ်ဆိုးနေချိန်ဆို သူ့ကိုယ်သူ အူကြူးလို့ သုံးနှုန်းပြီး စိတ်ဆိုးပြေအောင်လည်း ချွဲတတ်ပါသေးတယ်။
"ဘယ်အချိန်ရှိနေပြီလဲ ရိပေါ်"
Daddyကငါ့ကို ရိပေါ်တဲ့။ရာသီဥတုအခြေနေက မုန်တိုင်းတိုက်တော့မဲ့ ဘက်မှာ ရှိတယ်။
Good Luckရိပေါ်ရေ Good Luck."ဟိုလေ Daddy....အူကြူးက နည်းနည်းနောက်ကျသွားတာ"
"နောက်ကျမယ်ဆိုလည်း အိမ်ကို ဖုန်းဆက်လေ။
အခုတော့ ဖုန်းကလည်း ခေါ်မရ အိမ်က လူကြီးတွေ ဘယ်လောက်စိတ်ပူနေမလဲ မသိဘူးလား ဟမ်! "ရိပေါ်မှာ ဟိုကောင်တွေ အတင်းတိုက်လို့ သောက်လာတာလေးတောင် Daddyအသံကြောင့် အမူးပြေသွားတယ်။
Daddyက ပြောသာပြောနေတာ အခုထိ ရိပေါ်ကို ကျောပေးထားတုန်း Daddyတကယ်ကြီး စိတ်ဆိုးနေတာပဲ။
"Daddyရယ် အူကြူးနောက်တစ်ခါ နောက်မကျတော့ပါဘူးနော်။အခုက ဖုန်းကလည်းbatteryကုန်နေလို့ပါ"
"ပြော...ဘယ်တွေသွားနေတာလဲ"
"ဟို....Bar ခဏသွားတာပါDaddy"
"ဘာ!!!! 18ပြည့်တာတောင် မနေ့တစ်နေ့ကမှ အတက်ကောင်းတွေ တက်နေတာလား ၀မ် ရိ ပေါ်"
နာမည်ကို တစ်လုံးချင်း အံကြိတ်ပြီး ခေါ်လာတဲ့ Daddyကြောင့် ရိပေါ်မှာ ကြောက်တာရော ၀မ်းနည်းတာရော ပေါင်းပြီး မျက်ရည်တွေကျလာတော့သည်။
