Part~~9

3.4K 225 1
                                    

[Unicode]

"ပေါက်စလေးရေ ထတော့ ဒီနေ့ ကစားကွင်းသွားမယ်ဆို"

"ဟုတ် Daddy ထပြီ"

ကစားကွင်းသွားမယ်ဆိုတော့ ထပြီတဲ့
ခါတိုင်းရက်တွေများ သွားနှိုးရင် 5မိနစ်လို့ပြောရတာနဲ့ စိတ်ကောက်ရတာနဲ့
ငယ်တုန်းတော့ လွှတ်ထားပေးမယ် ကြီးလာရင်တော့ မရဘူးမှတ်။

"လာ...Daddyချီမယ်"

အလိုက်သင့်လေးပါလာတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ပြီး ရေချိုးခန်းထဲခေါ်သွားကာ ရေချိုးပေးရသည်။

အ၀တ်စားပါ တစ်ခါတည်း လဲပေးပြီး ကိုယ်ပါရေချိုးရတော့သည်။မဟုတ်ရင် ကြာတယ်ဆိုပြီး စိတ်ကကောက်အုံးမှာလေ။

"မနက်စာစားနှင့်နော် Daddyရေချိုးပြီး ဆင်းလာခဲ့မယ်"

"Daddyနဲ့မှ တူတူတွားမာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အာ့ဆိုလည်း ခဏစောင့်"

"ဟုတ်"

ရှောင်ကျန့်ရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာ မုန့်ထိုင်စားနေတဲ့ ပေါက်စ

"ပေါက်စ ဘာတွေစားနေတာလဲ"

"ဘီကစစ်"

"ဟမ်? ဘီကစစ်က ဘာတုန်း"

"ဒီမှာယေ ဘီကစစ်ပါချိုနေ Daddyကယဲ"

နှုတ်ခမ်းလေးဆူပြီး သူ့လက်ထဲက မုန့်ထုပ်လေးကို ပြနေလို့ ကြည့်လိုက်တော့ ဘီစကစ် မုန့်ထုပ်လေး

"ဟား..ဟား.. ဘီစကစ်ပါ ပေါက်စရယ် ဘီကစစ်မဟုတ်ပါဘူး"

"ဘီကစစ်ပါချိုနေ အင့်..😞"

"အာ...ဟုတ်ပြီ ဟုတ်ပြီ ဘီကစစ်နော် မငိုလိုက်ပါနဲ့ သခင်လေးရယ်"

"...."

"ကဲ လာ မနက်စာသွားစားမယ်"

"ပေါ်ပေါ် ဗိုက်အချာတေးပူး"

"မဆာလည်း စားရမယ် မရဘူး"

"ချားချင်ပါပူးချိုနေ"

"စားရမယ်လို့ပြောနေတယ်နော် Daddyစကား နားမထောင်တာလား..ပြော"

"...."

ငိုမဲ့မဲ့လုပ်နေတဲ့ ပေါက်စကိုချီကာ ထမင်းစားခန်းထဲ ၀င်လာတော့ မားက သူ့မြေးကိုချီသွားပြီး

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now