[Unicode]
ဒီနေ့ ပေါ်ပေါ်ကျောင်းမသွားဘူး။
ဘွားဘွားတို့လာမှာမို့ ယွီပင်းကောနဲ့ သွားကြိုမှာ။
Daddyကတော့ မရှိဘူး။ဘွားတို့လူကြီးနှစ်ယောက်တည်းမို့လို့တဲ့ Daddyကိုယ်တိုင် သွားခေါ်တာ။
"ရိပေါ်လေးရေ သွားမယ်လေ။ကောတို့က ကြိုရောက်နေမှ ရမှာ"
"လာပြီကော"
ရိပေါ်တို့ လေဆိပ်ကိုရောက်ပြီးသိပ်မကြာဘူး Daddyတို့ စီးလာတဲ့ လေယာဥ်စိုက်တယ်။
"Daddy!!!!!!"
ပေါ်ပေါ်က Daddyဆီပြေးသွားတော့ Daddyက ဒူးထောက်ထိုင်ပြီး ပေါ်ပေါ့်ကို ကြိုတယ်။
အာ့ကြောင့် ပြောတာ ပေါ်ပေါ့် Daddyက ချစ်စရာကြီးပါဆို။"အချွဲလေး"
"ပေါ်ပေါ်က Daddyကို အများကြီးလွမ်းနေတာ"
"ကဲ!! ဟုတ်ပါပြီ အိမ်ကျမှ ဆက်ပြီးအလွမ်းသယ်ကြပါတော့။အခုတော့ အိမ်ပြန်ရအောင်"
ရှောင်းမား၀င်ပြောမှ ဟီး...ခနဲ ရယ်ပြပြီး သူ့အဘွားကို သွားချွဲတဲ့ ကလေးပေါက်။
"မားတို့ဒီမှာ ခဏနေအုံးနော်။သားယွီပင်းနဲ့ ပစ္စည်းတွေ သွားယူအုံးမယ်"
"ပါးရော လိုက်ခဲ့ရအုံးမလား"
"ရတယ်ပါး မလိုက်နဲ့တော့"
"အင်း...ဟုတ်ပြီ ဒါဆို ကားပေါ်က စောင့်မယ်"
"ဟုတ်"
"ဘွားသိလား Daddyကလေ ပေါ်ပေါ့်ကို ဆူတယ်သိလား"
"ဟုတ်လား ဘာလို့ဆူတာတုံး Daddyက"
"ပေါ်ပေါ်က စာဖြေတာကို နည်းနည်းပိစိလေးပဲ မှားတာကို ဆူတယ်"
"ဟုတ်လား မြေးDaddyကို ဘွားဆူလိုက်ရမလား"
"ဆူနဲ့ ဆူနဲ့ Daddyက ပေါ်ပေါ့်ကို ကောင်းစေချင်လို့လေဟီး..."
သူထပ်ပြီးအဆူခံရမှာကြောက်တာနဲ့ ကောင်းစေချင်လို့လေတဲ့။
"ဟား!!! ငါ့မြေးကတော့ အလည်လေးပဲကွာ။မိန်းမရေ မင်းမြေးကတော့ ကြီးလာရင် မလွယ်ဘူးဟေ့"
"ဟုတ်ပါ့ရှင်။ရည်းစားတွေ အများကြီးထားနေရင် ဒုက္ခ"
"ဘိုးနဲ့ဘွားကလည်း ပေါ်ပေါ်က Daddyတစ်ယောက်တည်းကိုပဲ ချစ်တာပါ"
