Part~~10

4.1K 215 3
                                    

[Unicode]

အချိန်တွေကုန်တာမြန်လိုက်တာ
အခုဆိုရင် ပေါက်စလေးတောင် 8နှစ်ပြည့်တော့မယ်.....

လွန်ခဲ့တဲ့ 2နှစ်လောက်က ဖြစ်သွားတာတွေက အခုချိန်ထိ မနေ့တစ်နေ့ကလိုပဲ...

၀မ်ကျန်းဖျင်ကလည်း သူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ထောင်ထဲမှာ ပေးဆပ်နေရပြီ....

Wang Groupကိုတော့ အင်္ဂလန်မှာရှိတဲ့ သူ့သားကို ပြန်ခေါ်ပြီး အုပ်ချုပ်ခိုင်းရတာပေါ့....
ဒါကလည်း အိမ်က အူကြူးလေးရဲ့သဘော....
သူ့မိဘနှစ်ပါလုံးကို လုပ်ကြံခဲ့မှန်းသိသိကြီးနဲ့ သူ့ဉီးလေးကိုညှာတာပြီး မသိချင်ယောင်ဆောင်နေပေးတယ် သူ့အကိုလက်ထဲ Wang Groupကို ယုံယုံကြည်ကြည်နဲ့ အပ်ပြီး....
သူကတော့ Daddyနားမှာပဲ တစ်သက်လုံးနေတော့မယ်တဲ့....
အင်း....၀မ်ကျန်းဖျင်ရဲ့သားကတော့ အလုပ်လုပ်ရင် ရိုးသားတယ် စိစစ်တယ်
သူ့အဖေလိုမဟုတ်ဘူး.....
အာ့ကြောင့်လည်း အူကြူးလေးက
သူ့အကို ကို ယုံတာနေမှာပေါ့....

အဲ့တာတွေထားပါတော့ အခုတော့ စာကြည့်ခန်းထဲမှာ စာလုပ်ခိုင်းထားတာ သွားကြည့်ရအုံးမယ်...

တစ်ယောက်ထဲလုပ်ဆိုရင် ပန်ချီဆွဲနေတာနဲ့ ကာတွန်းစာအုပ်ဖတ်နေတာနဲ့ စာမလုပ်ဘူး။
ဒီကလေး တော်တော်ဆိုးလာတယ်။
ကိုယ့်ရှေ့ဆို ငြိမ်ကုပ်နေတာပဲ ကွယ်ရာဆို သူ့ကိုဘယ်သူမှ မနိုင်ဘူး။ခက်တယ် ဒီကလေးနဲ့တော့။

"အူကြူး!! "

"ဗျာ..Dad..daddy"

"အဲ့တာဘာလုပ်နေတာလည်းပြော"

"ဟို...ဟိုလေ ပေါ်ပေါ်က စာကျက်ရတာ နည်းနည်းပျင်းလာလို့ ပန်ချီခဏဆွဲနေတာပါDaddy"

"Daddyကျက်ခိုင်းတဲ့ စာတွေ ရပြီလား"

"ရတော့မာ..နည်းနည်းလေးပဲ ကျန်တော့တာ"

"လာအုံး Daddyဆီကို"

"ဘာ...ဘာလုပ် မလို့လဲ Daddy"

"လာပါ"

ခေါ်လိုက်တော့လည်း လှုပ်တုပ်လှုပ်တုပ်နဲ့ ရောက်လာတဲ့ အူကြူးလေး...
လူကသာ 8နှစ်ပြည့်တော့မှာ အရပ်ကလေးကလည်းသူများလိုမရှည်
ပုပုလုံးလုံးလေးနဲ့ ပါးလေးတွေကလည်းဖောင်းနေတာပဲ
အရုပ်ကလေးလိုကို ချစ်စရာကောင်းတာ။

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now