[Unicode]
ရှောင်းကျန့်ကုမ္ဗဏီရောက်တော့ အစည်းဝေးတွက်ပြောစရာတွေ ပြင်ဆင်နေတုန်း ယွီပင်း၀င်လာပြီး
"CEO တစ်ဖက်က ရှယ်ယာရှင်က သူ့ဇနီးအရေးပေါ် ဆေးရုံတင်လိုက်ရလို့တဲ့ အစည်းဝေးကို ရက်ချိန်းချင်လို့ပါတဲ့ ဟို..အဲ့ဒါ ကျွန်တော် ဘယ်လိုပြန်ပြောလိုက်ရမလဲ"
ယွီပင်းကတော့ ရှောင်းကျန့်ကို ဒီလိုခွင့်တောင်းရမဲ့အစား သေသာသေလိုက်ချင်သည်။
အလုပ်နဲ့ပက်သက်လာရင် နည်းနည်းလေးမှ အတိမ်းစောင်းမခံတဲ့ ရှောင်ကျန့်က ရှယ်ယာရှင်တွေ ဘာတွေ နားမလည်ဘူး။
အချိန်မတိကျရင်တောင် စာချုပ်ဖျက်ရင် ဖျက်တာမို့ အခုလို သူ့ဆီမှာ ခွင့်တောင်းဖို့ တော်တော်သတ္တိမွေးထားရတယ်။ပြီးရင်အရင်းဆုံး အငေါက်ခံရတာက ကိုယ်ပဲလေ။ထားလိုက်ပါတော့ ငေါက်လည်းခံရုံပေါ့ ယွီပင်းရယ်~~~"ယွီပင်းငါပြောတာကြားလား"
"ဗျာ...ဟို..ဟို ဘာပြောလိုက်တာလဲ CEOဗျ"
"အစည်းဝေးကို အဆင်ပြေတဲ့နေ့ကိုချိန်းလိုက်လို့"
"ဗျာ...."
"အခုငါ အိမ်ပြန်တော့မယ် အိမ်မှာ ရိပေါ်တစ်ယောက်တည်း"
"သြော်....ဟုတ်....ဟုတ်ကဲ့ပါ CEO"
သူ့ကိုခေါင်းငြိမ့်ပြပြီးထွက်သွားတဲ့ ရှောင်ကျန့်ကိုကြည့်ကာ ယွီပင်းခေါင်းသာခါမိတော့သည်။
ငါကတော့ အစည်းဝေးကိုရက်ချိန်းဖို့ပြောတော့ အံ့သြနေတာ အကြောင်းရင်းကတော့ သူဟာလေးလည်း အိမ်မှာရှိနေလို့ ရက်ချိန်းဖို့ခွင့်ပြုလိုက်တာကို။
အစ်ကိုမို့လို့သာပေါ့ ညီသာဆိုရင် အရင်ကဒီလိုမဟုတ်ဘူး အခုမှတော်တော်သဘောကောင်းနေတယ်ပေါ့ဆိုပြီး ခေါင်းကိုသာ နာနာခေါက်လိုက်ချင်တယ်။
စိတ်ကူးယဥ်ကြည့်တာပါ အပြင်မှာတော့ မလုပ်ရဲပါဘူး ယွီပင်းလည်း ကြောက်တတ်တယ်။
စိတ်ကူးယဥ်ဇာတ်လမ်းလေးကို ဖျက်ကာ ရှောင်းကျန့်နောက်ကို အပြေးလိုက်ရပြန်သည်။
တော်ကြာ အဆူခံရရင် ဒုက္ခ။ ဒါမျိုးဆို ယွီပင်းတို့က ဝေးဝေးကရှောင်တယ်။"ယွီပင်း အရှေ့က စားသောက်ဆိုင်မှာ ခဏရပ်ပြီး ငါ့ကို ဟော့ပေါ့၀င်၀ယ်ပေး ငါကားပေါ်က စောင့်မယ်"