[Unicode]
ရှောင်းကျန့်မနက်အိပ်ယာနိုးတော့ 6နာရီ။
ပုံမှန်လုပ်နေကျအတိုင်းပဲ အူကြူးအတွက်မနက်စာလုပ်ပြီး ၀တ်ဖို့အ၀တ်စားတွေပါ တစ်ခါတည်းထုတ်ထားလိုက်သည်။လုပ်စရာရှိတာတွေလုပ်ပြီးလို့ နာရီကိုကြည့်တော့ 7နာရီထိုးနေပြီ။
အူကြူးကိုနှိုးရတော့မည်လေ။
ခြေထောက်ဒဏ်ရာကြောင့် လေ့ကျင့်ခန်းမလုပ်ရတော့ မနက်စာကျွေးပြီး စာပိုလုပ်ခိုင်းရမယ်။
စာမေးပွဲကလည်း နီးနေပြီဆိုတော့ သေချာဂရုစိုက်ပေးမှရတော့မှာ မဟုတ်ရင် ဒီကလေး အရမ်းပေါ့တာ။"အူကြူးလေရေ ထတော့ 7နာရီထိုးနေပြီ"
"5မိနစ်လောက်ပေးအိပ်နော် Daddy"
"ဟုတ်ပြီ မျက်နှာသစ်ဖို့ ပြင်ပေးထားမယ် ပြီးတာနဲ့ ထရမယ် ဟုတ်ပြီလား"
သူပြောတာကိုခေါင်းသာငြိမ့်ပြပြီး ပြန်အိပ်သွားတဲ့ကလေးငယ်။
သွားတိုက်တံပြင်ပေးပြီး ပြန်ထွက်လာတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ အူးကြူးကြောင့် အိပ်ပါစေဆိုပြီး ကိုယ်ကတော့ ရေချိုးနေလိုက်သည်။
ရေချိုးပြီးထွက်လာတော့ 7နာရီတောင်ခွဲပြီဖြစ်တာကြောင့် အိမ်နေရင်းအ၀တ်စားတစ်စုံယူ၀တ်လိုက်ပြီး ကလေးငယ်ကို နှိုးပြန်သည်။
"အူကြူးထလို့ရပြီ 7နာရီခွဲကျော်ပြီ"
"ဟုတ်"
အိပ်ချင်မူးတူးဖြစ်နေတဲ့ အူကြူးကိုချီကာ မျက်နှာသစ်ပေးဖို့ လုပ်ရသည်။
မျက်နှာသစ်ပေးပြီးတာနဲ့ ပါးပေါ်ရောက်လာတဲ့ အနမ်းလေး။
"Morning Daddy မွ😘"
"Morningပါဗျာ😘"
"Daddyကရေတောင်ချိုးပြီးပြီပေါ့"
"အင်းလေ အူကြူးရဲ့ ဘာလို့လဲ"
"ခါတိုင်းသားကိုချိုးပေးပြီးမှ ချိုးတာလေ အာ့ကြောင့်မေးကြည့်တာ"
"အခုက အူကြူးမှ ရေချိုးလို့မရတာ"
"ဟင့်....ဟုတ်သားပဲ သားခြေထောက်ဒဏ်ယာကြီးနဲ့"
"အင်း အခုတော့ မနက်စာသွားစားမယ် ပြီးရင် စာလုပ်ရမယ်နော် မနေ့ကလည်း ကျောင်းပျက်ထားတော့ ညနေကျ စာကပိုများမှာအခုတည်းက ကျက်စရာရှိတာ ကြိုကျက်ထား"