Part~~22

3.9K 219 27
                                    

[Unicode]

"တောက်စ်!!!! ဒါဘယ်လိုဖြစ်တာလဲ ဆူဇီ"

ရှောင်းကျန့်ရဲ့ အသံက ငြိမ်သက်နေတဲ့ အခန်းထဲမှာ ဟိန်းထွက်နေ၏။
အရေးကြီးတဲ့ စားရင်းက တော်တော်ကို ကွာနေတာကြောင့် ရှောင်းကျန့်တစ်ယောက်တော်တော်စိတ်တိုနေပုံရသည်။

ဆူဇီကလည်း သူ့အပြစ်သူ သိသည့်အလား တတွတ်တွတ်တောင်းပန်နေသည်။

"ဆူဇီ တောင်းပန်ပါတယ် CEO"

"တောင်းပန်ရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်ဘူးနော်။
အခုပြန်စစ်မိလို့ပေါ့၊ မစစ်သာ မစစ်မိရင် ရှယ်ယာရှင်တွေကို အားနာရအုံးမယ်။
အလုပ်ကိုသေချာလုပ်ပါဆူဇီ!!
နောက်တစ်ခါဆို ကိုယ် မင်းကို အလုပ်ထုတ်ရလိမ့်မယ်"

အလုပ်ထုတ်မယ်ဆိုတဲ့ စကားကြောင့် ဆူဇီတစ်ယောက် ချာချာလည်သွားသလိုပင်။
သူဒီမှာ အလုပ်လုပ်ချင်လို့ ပါးကိုပြောပြီး ဒီမှာ အောက်ခြေလူတန်းစားပုံစံနဲ့ အလုပ်လျှောက်ခဲ့တာလေ။
ရှင်းရှင်းပြောရရင် ရှောင်းနဲ့အနီးကပ်နေချင်လို့။
ရှယ်ယာရှင် အနေနဲ့ဆိုရင် အနီးကပ်မနေရလို့ သူ့ကို ရှယ်ယာရှင်ရဲ့ သမီးမှန်းမသိအောင် နေ နေတာလေ။
ဒီလို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ အလုပ်တော့ မထွက်နိုင်ပါ။

"ဟင့်..ဆူဇီတောင်းပန်ပါတယ် CEO...နောက်တစ်ခါ မဖြစ်စေရပါဘူး"

ဆူဇီက မျက်ရည်လေး၀ဲကာ အသနားခံနေတုန်း ကြားလိုက်ရတဲ့ တံခါးခေါက်သံ။

"Daddy..ရိပေါ်၀င်လာပြီနော်"

"အ့!!! "

ဖိုင်တွေကိုလှမ်းယူတဲ့ ဆူဇီက ဒေါက်ဖိနပ်ကြောင့် ခြေခေါက်ပြီး ထိုင်နေတဲ့ ရှောင်းကျန့်ရင်ခွင်ထဲကို ရောက်သွားပြီး လဲကျမဆိုးလို့ ပြန်ထိန်းကိုင်ပေးထားတဲ့ ရှောင်းကျန့်နဲ့ ရင်ခွင်ထဲရောက်နေတဲ့ ဆူဇီက အဝေးကကြည့်ရင် ဖက်ပြီးထိုင်နေသယောင်။

"သြော်...အချိန်ကောင်းကို ရောက်လာမိတာပဲ။
တောင်းပန်ပါတယ် ခင်ဗျ ပြန်လိုက်ပါအုံးမယ်"

ရိပေါ်ဒီမိန်းမအကြောင်းကိုသိတယ်။အဲ့မိန်းမက Daddyကို စိတ်၀င်စားနေတာ။သူDaddyကို ကြည့်တဲ့ အကြည့်တွေက Daddyရှေ့ဆို တစ်မျိုး ကွယ်ရာဆိုတစ်မျိုးနဲ့။

Daddyရဲ့ရှင်သန်ရာ [Daddyရဲ့ရွင္သန္ရာ]Where stories live. Discover now