[Unicode]
ရှောင်ကျန့်အိပ်ယာနိုးတော့ ရင်ခွင်ထဲက ကလေးငယ်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေလေရဲ့
ရှောင်ကျန့်လဲရင်ခွင်ထဲက ကလေးငယ်ရဲ့နှာဖူးလေးကို နမ်းကာ
"Morningပါ ကလေးငယ် တစ်နေ့တာကို ပျော်ရွှင်စွာဖြတ်သန်းရမယ်နော်"
ရှောင်ကျန့်လဲ ရေချိုးရန် ထလိုက်ပြီး ရိပေါ်ကို စောင်သေချာပြန်ခြုံပေးကာ ရေးချိုးခန်းထဲ ၀င်လိုက်သည်ရှောင်ကျန့်ရေချိုးပြီးပြန်ထွက်လာတဲ့အထိ ၀မ်အကောင်ပေါက်လေးကမနိုးသေး ရှောင်ကျန့်လဲ အ၀တ်စား၀တ်ကာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို နှိုးရတော့သည်
"ပိစိလေး ထတော့လေ နေတောင်မြင့်နေပြီ"
ရှောင်ကျန့်နှိုးတော့ စောင်ပုံထဲမှာ အိပ်နေတဲ့ ကလေးငယ်ကတော့ အင်းး အဲ သာလုပ်ပြီး ပြန်အိပ်သွားလေရဲ့"၀မ်ပေါက်စ ထတော့လို့ Daddyပြောနေတယ်လေ"
"ပေါ်ပေါ်အိပ်ချင်တေးယို့ ပိချိလေးပေးအိပ်နော်" သူ့လက်ညှို့လေးနဲ့ လက်မလေးကို ထိကာ ခဏလေးပေးအိပ်ဖို့ပြောနေတဲ့ ခလေးငယ်ကြောင့် ရှောင်ကျန့်လက်လျှော့ကာ
"ဟုတ်ပီ Daddy ပိစိရေချိုးဖို့ ရေသွားစပ်မယ် Daddyပြန်လာရင် ထရမယ်နော်" သူပြောတာကို ခေါင်းလေးသာငြိမ့်ပြီး ပြန်အိပ်သွားတဲ့ ကလေးကို ကြည့်ကာ ရှောင်ကျန့်တော်တော်ကြာ ပြုံးပြီးကြည့်နေမိသည်
ရှောင်ကျန့်ရေချိုးခန်းထဲက ရေစပ်ပြီးထွက်လာတော့ ၀မ်အကောင်ပေါက်လေးက ကုတင်ပေါ်မာထိုင်နေလေရဲ့
"ပေါက်စလေးက နိုးနေပြီလားး Daddyတောင် အခုမှ ရေစပ်လို့ပြီးတာ"
"ဟင့် Daddyက ပေါ်ပေါ် အိပ်နေယာကို လာနှိုးတော့ ပေါ်ပေါ်က ဘယ်ယိုယုတ်ပြီး ပြန်အိပ်ပျော်တော့မာယဲယို့" ရှောင်ကျန့်လဲ နှုတ်ခမ်းလေးဆူကာပြောနေတဲ့ ကလေးငယ်နားကိုသွားပြီး
"အာ့ဆို ခုနက ပိစိလေးပေးအိပ်ဖို့ပြောတာ ဘယ်သူပါလိမ့်" ရှောင်ကျန့်က ပြောရင်း ၀မ်ပေါက်စကို ပွေ့ချီပြီး ရေချိုးခန်းထဲကို ခေါ်လာပြီး ရေချိုးပေးရန်ပြင်လိုက်သည်
![](https://img.wattpad.com/cover/248683198-288-k478199.jpg)