🖤Coffee Love❤

134 16 0
                                    

❤🌧 တ​ဖျောက်​ဖျောက် မြည်​နေတဲ့ မိုးစက်မိုး​ပေါက်​တွေကို ပြတင်းတံခါးက​နေတဆင့် ​ငေးကြည့်​နေရင်း ကိုယ့်​ရှေ့က Americano လက်ကျန် ကို​​မော့​သောက်​လိုက်တော့ ရင်ထဲ​နွေးခနဲ။

​ကော်ဖီကုန်​တော့ ကွတ်ကီးကို တစ်ကိုက်ကိုက်ရင်း ခွက်​အောက်​ခြေကစာတန်း​လေးကို​ တွေ့လို့ ​ကောင်တာက ​ကောင်က​လေးကို​ တစ်ချက်လှမ်းကြည့်​တော့ အမြဲလိုလို အကြည့်ချင်းဆုံမိတာနဲ့ သူမသိသလိုမျက်နှာ​​ပေး​လေးနဲ့ မျက်နှာလွှဲပစ်လိုက်တဲ့ ပုံစံ​လေးက ဘယ်နခါ​တွေ့ရ​တွေ့ရ မရိုးနိုင်တဲ့ သဘာဝရဲ့ မြင်ကွင်း​​ကလေးလိုမျိုး တစ်မျိုးတစ်ဖုံနဲ့ လှတယ်။

အဲ့ဒီ မြင်ကွင်း​လေးကပဲ ဒီဆိုင်ကို​နောက်တစ်ခါပြန်လာချင်​အောင် လုပ်တတ်တဲ့ စိတ်ညို့ရှင်က​လေးပါပဲ။

🖤🌧​ဆိုင်ကိုလာတဲ့ Customer ​တွေထဲ ကော်ဖီကို ပါဆယ်အ​နေနဲ့ဝယ်ပြီး ဆိုင်မှာပဲထိုင်​သောက်တတ်တဲ့ အကိုကြီးတစ်​ယောက်ရှိတယ်။
သူ​ကော်ဖီထိုင်​သောက်တိုင်းလည်း အပြင်ကို​ငေးကြည့်တဲ့ သူ့မျက်လုံး​တွေက အ​ရောင်တလက်လက်နဲ့ လှတာထက်ပိုတယ်။

သူအမြဲလိုလို ​ဝယ်သောက်တာကလည်း Americano Typeပဲ။ကော်ဖီဗူး အဖုံး​ပေါ်မှာ တင်ပေးတဲ့ ကွတ်ကီးကို​တော့ ​ကော်ဖီအကုန်​သောက်ပြီးမှ အမြဲတစ်ကိုက်ကိုက်ပြီး ထားထားသွားတတ်တာ သူ့အကျင့်တစ်ခုပဲ။

အဲ့အကိုကြီး ဆိုင်ကိုလာတာ လနဲ့ချီ​​တော့ရှိနေပြီ။အကိုကြီးသာ​ စိတ်မှန်းနဲ့​ပြောတာ ၂နှစ်၃နှစ်​လောက်ပဲ ကွာမယ်ထင်တယ်။ အမြဲလိုလို သူကလည်း ဆိုင်​ထဲဝင်လာပြီး ကောင်တာ​ရှေ့မှာ ရပ်ပြီးတာနဲ့ "Americano" တစ်ခွန်းပဲ​ပြောသလို ကျွန်​တော်ကလည်း ​"ကော်ဖီရပြီအကို" လို့ပဲ ​ပြန်ပြောဖြစ်တယ်​ပေါ့။

အသံအ​နေအထားအရ အကို့ရဲ့ အသံဟာ ချိုတယ်။အေးတယ်။အသားကလည်း​ တော်​တော်ကိုဖြူတယ်။သူ့ နှုတ်ခမ်းဖူး​လေးက​တော့ ကျွန်​တော်အမြဲ ခိုး​​ငေးရတဲ့ အလှဆုံး​သော ချောက်နက်တစ်ခုလိုပဲ။

Americano ဆိုတဲ့ အသံ​လေးက​တောင် ဆည်းလည်းသံလို ချိုမြ​နေရင် အဲ့နှုတ်ခမ်းဖူး​လေးက ဖြစ်​ပေါ်လာမယ့် အပြုံး​လေးတစ်ပွင့်က​ရော ဘယ်​လောက်ထိ ချိုလိုက်မလဲ။

🖤 ❤PS One Shot Collections & Poems (COMPLETE)Where stories live. Discover now