Author's note

1.8K 40 7
                                    

ဘာဇာတ်လမ်းမှမစခင်ဦးစွာပထမမေးခွန်းလေးမေးကြည့်ရအောင်။
ရတနာထဲမှာဘယ်ရတနာကအဖိုးအတန်ဆုံးလို့ထင်လဲ။
လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့ ကိုယ်နှစ်သက်ရာတန်ဖိုးထားရာ ရတနာတွေကတော့တူချင်မှတူပါလိမ့်မယ်။ စိန်ကျောက်ပတ္တမြားစတဲ့သက်မဲ့ပစ္စည်းတွေကအစ
သက်ရှိတိရစ္ဆာန်လေးတွေကနေ လူသားတွေအဆုံး ကိုယ်တန်ဖိုးထားရာဟာ ကိုယ့်အသည်းညှာရတနာဘဲမဟုတ်လားနော်။

ဒီတော့ကာ...
ပြည့်ရတနာ

ပြည့်ရတနာ လေးကကိုယ်ပထမဦးဆုံးရေးတဲ့ ရာဇဝင်
နန်းတွင်းဇာတ်လမ်းလေးပါ။
ဒီဇာတ်လမ်းလေးကို အရမ်းရေးချင်လာတာကတော့ ပုဂံသူရဲကောင်းအကြောင်းတွေ
ဖတ်ရင်းနဲ့ရေးချင်လာလို့ပေါ့လေ။
အရင်က အပေါ်ယံလောက်သာဖတ်မိပေမဲ့
အခုမှသေချာထဲထဲဝင်ဝင်ဖတ်မိတော့
မြန်မာရဲ့မင်းကောင်းမင်းမြတ်တွေကို လေးစားစိတ်ကလည်းဖြစ်လာတယ်။
ပြီးတော့လောလောဆယ်ဒီကာလမှာကလည်း အာဏာရူးပုလ္လင်ရူးတွေ၊ပုပ်သိုးနေတဲ့အုပ်ချုပ်သူလူတန်းစားတွေကြောင့် မင်းကောင်းမင်းမြတ်တွေရဲ့ပုံကိုတမ်းတမိရင်းရေးဖို့စိတ်ကူးဖန်လာတာပါဘဲ။
အဲ့ဒါနဲ့ ငါလည်း ရာဇဝင်တစ်ပုဒ်တော့ရေးရချည့်ရဲ့ဆိုပြီး ရေးတာပါ။

ဇာတ်လမ်းကတော့ အနော်ရထာမင်းစောနဲ့
မင်းကျန်စစ်တို့ရဲ့ သမိုင်းကို inspireယူပြီးရေးထားပါတယ်။တချို့ ဇာတ်လမ်း၊ဇာတ်ကွက်တွေကိုတော့ တော်တော့်ကိုသဘောကျလို့ စာရေးဆရာလိုင်စင်ကိုင်ပြီး ဟိုဟိုဒီဒီရောနှောပြီး အနည်းနဲ့အများ
ထည့်သွင်းထားပါတယ်။
ဒါပေမဲ့အကုန်ချွတ်စွတ်ကြီးတော့မယူထားပါဘူး။
တူသလိုလိုနဲ့မတူ၊မတူသလိုလိုနဲ့ တူတဲ့အပိုင်းလေးတွေတော့ပါဝင်ပါတယ်။
ခေတ်ကတော့ ပုဂံခေတ်နဲ့ခေတ်ပြိုင်ပုံစံရေးမှာဖြစ်ပြီး ပုဂံခေတ်အထောက်အထားတွေလည်း ဝတ္ထုအသွားအလာအလိုက်ယူသုံးမှာကြောင့် သမိုင်းနဲ့တော့အကုန်လာမတိုက်ကြနဲ့ပေါ့ကွယ်တို့ရေ

coverလေးကတော့ လောလောဆယ် ဇာတ်လမ်းနဲ့ကိုက်မယ့်ပုံမရှိသေးလို့ ကိုယ်အနီးစပ်ဆုံးရေးဖြစ်မယ့် ပုဂံပုံနဲ့ဘဲသုံးထားပါတယ်

ပြည့် ရတနာ(ျပည့္ ရတနာ)Where stories live. Discover now