"နေရောင်က တဖြည်းဖြည်း ပျောက်ကွယ်လာကာ ညအမှောင်ဘက်သို့ အားသန်လာသည်။ ရာသီဥတုက အပူချိန်ကျဆင်းလာကာ အေးလာသည်။ ချင်းပေက ပတ်ဝန်းကျင်ကို သတိတကြီး လေ့လာလျက် လျှင်မြန်စွာ ရွေ့လျားနေသည်။ သူမ၏ နောက်ကျောတွင် ဓားတစ်လက်ကို ကြိုးဖြင့်စလွယ်သိုင်းကာ လွယ်ထားသည်။
ချင်းပေက သုံးထပ်တိုက်အမြင့်ပေါ်တွင် ရပ်တန့်လိုက်သည်။ မြေပြင်ပေါ်တွင် ဇွန်ဘီ များ ပြည့်နှက်နေသည်။ ချင်းပေက အသင့်ယူလာသော မှန်ပြောင်းကိုထုတ်လိုက်သည်။
" ဒါက ရွီရီဟန် ရဲ့ ခံတပ်ပေါ့ .. မဆိုးပါဘူး... ဒါပေမဲ့ ..ငါမကြိုက်ဘူး " ချင်းပေက မှန်ပြောင်းကို သိမ်းလိုက်ပြီး လေကို ထိန်းချုပ်ကာ ခုန်လိုက်သည်။
________
" Professor ယွဲ့ က ဇွန်ဘီ ကြားထဲမှာ ကျန်ခဲ့တယ်...သူမကိုအခုချိန် သွားကယ်ရင်တောင် မမီမှာစိုးတယ် " ဒဏ်ရာများနဲ့ လူတစ်ယောက်က ငိုယိုကာ ပြောနေသည်။ သူက ယွဲ့ချင်းရွယ် နှင့် အတူသွားသည့် အဖွဲ့ထဲမှ အသက်ရှင်ကျန်ရစ်သူဖြစ်သည်။" အားလုံးဘဲ ဒေါက်တာယွဲ့ အတွက် စိတ်မကောင်းပါဘူး ... သေတဲ့သူက သေပြီဘဲ .. သူမအတွက် မနက်ဖြန် အထိမ်းအမှတ်ပွဲလေး လုပ်ကြတာပေါ့ ..သုတသနအဖွဲ့ဘက်ကို ဖြေရှင်းချက်ပေးလိုက်မယ်... ရှောင်ချုံး ... ဂျက် ကို ကုသပေးလိုက်ပါဦး " ရွီရီဟန် က တည်ငြိမ်သည့် လေသံဖြင့် သူအနောက်နားတွင် ရပ်နေသော ဖန်ချုံးအား ကြည့်ကာ ပြောလိုက်သည်။ သူ မျက်နှာပေါ်တွင် မည့်သည့် ခံစားချက်မှ ရှိမနေသော်လည်း လေသံက အတော်လေး နူးညံနေသည်။
ဖန်ချုံးက နာခံသည့် ပုံစံလေးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ထွက်လာကာ သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်သည်။ ကြည်လင်သည့် ကျောက်စိမ်းရောင် ရေကြည်တစ်တန်းထွက်လာကာ ဒဏ်ရာရနေသော ဂျက်၏ ကိုယ်ပေါ်သို့ ကျသွားသည်။ ဂျက်၏ ဒဏ်ရာများက မျက်စိဖြင့် မြင်နိုင်သည့် အမြန်နူန်းဖြင့် ပျောက်ကွယ်လာသည်။
ထိုမြင်ကွင်းကြောင့် လူတချို့ကတီးတိုးရေရွတ်ကြသည်။
" မိန်းကလေးဖန်ချုံးရဲ့ စွမ်းရည်က မိုက်လိုက်တာ .. သူမရဲ့ စွမ်းရည်နဲ့ ဆိုရင် တိုက်ပွဲအတွင်းမှာ စိုးရိမ်စရာမလိုတော့ဘူး... "