ARC.3.12

2.5K 400 5
                                    

" ညီလေး ဒေါက်တာလီတို့က ဘယ်မှာနေတာလဲ " ဟန်ချင်းရှုက တဖြည်းဖြည်းများလာသည့် ဇွန်ဘီများကို ကြည့်ကာ တံတွေးမျိုချရင်း မေးလိုက်သည်။

ယွဲ့လော်က ပြန်ဖြေရန်ပင် စိတ်မဝင်စားဘဲ ရှေ့ဆုံးမှ ဦးဆောင်သွားနေသည်။ သူက လမ်းတွင်တွေ့သော ရိုးရိုးဇွန်ဘီများအား သူ့ကို ရန်လာမစမချင်း အဖက်မလုပ်သော်လည်း မျိုးခွဲဇွန်ဘီများကို တစ်ကောင်မှ အလွှတ်မပေးချေ။ ဇွန်ဘီများမှ ကျလာသော သလင်းကျောက် မျိုးစုံတွင် သူက ခရမ်းရောင်မှ လွဲ၍ ကျန်သည်များကို အမှိုက်လို လွင့်ပစ်ထားခဲ့သည်။ သူမလိုချင်သည့် သလင်းကျောက်များက ဟန်ချင်းရှုတို့ အိတ်ထဲရောက်သွားတော့သည်။

ရှေ့သို့ဆက်သွားလေ ဇွန်ဘီများ ပို၍ ပိုများလာလေပင်။ သူတို့က ယွဲ့လော်အား စိုးရိမ်စွာ ကြည့်လိုက်သော်လည်း ဂရုမစိုက်သည့် အကြည့်တချက်သာ ပြန်ရခဲ့သည်။ အတန်ကြာလမ်းလျှောက်ပြီးနောက် မြို့တစ်မြို့ကို ရောက်လာသည်။ ၎င်းမြို့သည့် အရင်က ခံတပ်တစ်ခု  ဖြစ်ခဲ့ဟန် တူသည်။ ကြီးမားသည့် သံတံတိုင်းခပ်ထားသည်။

" ခများတို့ တံတိုင်းအပေါ်ကိုတော့ တက်နိုင်တယ်မလား... တံခါးကို ရှာမနေနဲ့ မရှိဘူး " ယွဲ့လော်က ပြောရင်း သူတို့အား မစောင့်ဘဲ စတီးကြိုးဖြင့် တွယ်တက်သွားသည်။

သူတို့ မြို့ထဲရောက်သည်နဲ့ မတူညီသည့် ကမ္ဘာတစ်ခုကို ရောက်သွားသည့် အလား ခံစားလိုက်ရသည်။ မြို့ထဲ‌တွင် နေရာတော်တော်များများက  ပျက်စီးနေသော်လည်း အပင်များနဲ့ က စိမ်းလန်စိုပြေစွာ ရှိနေသည်။

" ဒီအပင်တွေက အဆိပ်မရှိဘူး " အပင်စွမ်းအားရှင်က အပင်တစ်ပင်ကို နူတ်လိုက်ကာ ‌အံ့အားသင့်စွာ ပြောလိုက်သည်။

ယွဲ့လော်က သံတံခါးတစ်ခုရှေ့တွင် ရပ်လိုက်ကာ " ခများတို့အပြင်မှာအရင်‌နေခဲ့ "

ဟန်ချင်းရှုတို့က ခေါင်းညိတ်လိုက်သည်။ သူတို့က ယခုကဲ့သို့ အန္တာရယ်ကင်းသော နေရာတွင် အချိန်ဘယ်လောက်ကြာကြာ စောင့်နိုင်ပေသည်။

____________

" သူ့ကို လေ့ကျင့်ရေး အခန်းထဲ ထည့်ထားလိုက် .. နှစ်ရက်အတွင်း ချင်းရွယ် ကို မတွေ့ရဘူး.." လီချန်က ယွဲ့လော်အား အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

Valiant Professor Where stories live. Discover now