" အဲ့တော့ နင်က ဒီအိမ်ပိုင်ရှင်ပေါ့ ?" ချင်းပေ က ဆိုဖာ နောက်ကို မှီချလိုက်ကာ လက်ပိုက်ရင်း ပြောလိုက်သည်။ သူမရဲ့ အသံက ဂရုမစိုက်ခြင်းတွေ ပါဝင်နေတယ်။ အခုလို အချိန်မှာ ဘယ်သူက ဒါတွေကို ဂရုစိုက်မှာလဲ ဦးရာလူစနစ်ဘဲ ။ သူမက ခပ်ဝေးဝေးတစ်နေရာမှာ မတ်တပ်ရပ်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်တယ်။ ပြီးတော့ သူမက သူမခါးကို တင်းကြပ်စွာ ဖက်ထားတဲ့ လက်သေးသေးလေးတွေကို ကြည့်လိုက်တယ်။
" သိပြီးပြီ ဆိုရင် သွားတော့ " လီချန်က တံခါးကို လက်ညိုးထိုးကာ ပေါ့ပါးစွာပြောသည်။
" မဖယ်ပေးနိုင်ဘူး ... ထွက်သွားလိုက်တော့ " သူမက ယွဲ့လော်ရဲ့ ခေါင်းကို ပွတ်သက်ရင်း အေးစက်စွာပြောတယ်။ သူမက Base တွေမှာ မနေချင်ဘူး ။ အထူးသဖြင့် ယွဲ့လော် သန်မာဖို့ ဆိုရင် အန္တာရယ်တွေ ရင်ဆိုင်ရမယ်။ ဒီနေရာက အကောင်းဆုံးဘဲ ပစ္စည်းလည်း အစုံရှိတဲ့အပြင် ဇွန်ဘီတွေ ရှိတဲ့ မြေပြင်နဲ့လည်း အလှမ်းဝေးတယ်။
လီချန် က စားပွဲပေါ်တွင် ဆန့်တင်ထားသည့် သူ့ခြေထောက် နှစ်ဖက်ကို ရုတ်သိမ်းလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ ချင်းပေကလည်း မတ်တပ်ရပ်ကာ ယွဲ့လော်အား ကာလိုက်သည်။ သူက ချင်းပေအား စူးစိုက်ကြည့်ရင်း လက်ကို ရှေ့ထုတ်လိုက်သည်။ သူ့လက်ထဲတွင် သေနတ်တစ်လက်ပေါ်လာပြီး ချင်းပေကို ချိန်ထားသည်။ တစ်ချိန်တည်းမှာဘဲ အလင်းတစ်ချက်လက်သွားကာ ချင်းပေ၏ဓားက လီချန်၏ လည်ပင်းထက်တွင် ရောက်နေပေပြီ။
" ထင်ထားတာထက် မြန်သားဘဲ " လီချန်က သေနတ်ကို ရှေ့တိုးကာ ချင်းပေ၏ နဖူးအား တေ့ထားရင်းပြောသည်။
" အတူတူပါဘဲ " ချင်းပေကလည်း ဓားကို ဖိကပ်လိုက်ကာ လီချန်၏ လည်ပင်းတွင် သွေးစင်းကြောင်း တစ်ခုပေါ်လာသည်။
နှစ်ယောက်စလုံး၏စိတ်ထဲမှာတော့ အတွေးတစ်ခုက ထပ်တူညီနေသည်။ ' စွမ်းရည်တွေက ဘာလို့ သုံးလို့မရတာလဲ '
ထိုအခြေအနေဖြင့် တစ်ဖက်မှ နောက်မဆုတ်ဘဲ ဖြစ်နေကြသည်။
" နှစ်ယောက်သား " လျိုစစ်ကျီက ဝင်ပြောရန် ပြင်လိုက်သော်လည်း လီချန်၏ ကျန်လက်တစ်ဖက်က သေနတ်တစ်လက် ပေါ်လာပြန်ကာ လျိုစစ်ကျီအား ချိန်လိုက်သည်။