သည်အခိုက်အတန့်တွင် ဟန်ချင်းရှုတို့ရှေ့တွင် ရပ်နေသော လီချန်က ဒေါသနဲ့တပြိုင်နက် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်က ရုတ်တရက်ဖြစ်ပေါ်လာပြီး မထိန်းချုပ်နိုင်လိုက်သဖြင့် သတိလက်လွှတ်ဖြစ်သွားကာ သူ့ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်ထားသည့် စွမ်းရည်များ ပေါက်ကွဲထွက်လာကာ သူ့ဘေးနားတွင် ရပ်နေသောသူများ အတင်းနောက်ဆုတ်လိုက်ရသည်။
" ဒေါက်တာလီ !!! ဒေါက်တာလီ !!! ဘာဖြစ်တာလဲ " လျိုစစ်ကျီက လီချန်အား စိုးရိမ်တကြီး ကြည့်နေသည်။ သူက လီချန်၏ ထိန်းချုပ်မှု လွှတ်ကင်းနေသည့် ပုံစံကို အခုမြှမင်ဖူးခြင်းပင်။
လီချန်က သူ့ကိုယ်သူ ပြန်ထိန်းလိုက်ကာ လျိုစစ်ကျီအား လက်ကာပြရင်း " ဘာမှမဖြစ်ဘူး!!! သူတို့ကို မင်းသဘောအတိုင်းဘဲ စီစဉ်လိုက်.." သူက လျိုစစ်ကျီနဲ့ ဟန်ချင်းရှုတို့အဖွဲ့အား ချန်ထားကာ ထွက်သွားလိုက်သည်။
ချင်းပေက မျက်လုံးဖွင့်လိုက်သည်။ အခန်းတွင်းသို့ ထိုးချနေသော နေရောင်ခြည်ကြောင့် သူမ မျက်လုံးကို လက်ဖြင့်ကာလိုက်သည်။
သူမ ပြန်ရောက်လာခဲ့ပြီ. သို့သော်လည်း သူမ မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့မှုများ ရှိနေသည်။ ယုယန်ချင်း ဆီက မှတ်ဉာဏ်နဲ့ အလင်းဝိညာဉ် ၏ အသိစိတ်အချို့ကြောင့် သူမက အရာတော်တော်များများကို နားလည်နေပြီ။
သူမချစ်သူက ဝိညာဉ်နတ်ဘုရား ၏ ခံစားချက်ဝိညာဉ် ဖြစ်ပြီ .. တိုက်ပွဲအတွင်းတွင် ရသည့်ဒဏ်ရာကြောင့် ဝိညာဉ်ခွဲထွက်သွားပြီး သီးသန့်ရှိနေခြင်းပင်။ ဝိညာဉ်နတ်ဘုရားက သူ့ဝိညာဉ်ကို ဖျက်စီးချင်နေသည်။ အကြောင်းမှာ သူ၏ ဒဏ်ရာက အခုထိ မပျောက်သေးသောကြောင့် ။ ပုံမှန်အတိုင်း သူ့ဒဏ်ရာကို ဖြေးဖြေးချင်းကုသနိုင်သော်လည်း ယခုအချိန်တွင် မဖြစ်နိုင်တော့။
နောက်ထပ်အရှင်တစ်ယောက်ဖြစ်သည့် ဝိညာဉ်သူတော်စင်မ က သူမရဲ့ အစီအစဉ်ကို စတင်နေပြီ။ ဝိညာဉ်သူတော်စင်မသည် အစကတည်းက သဘောတူညီချက်ကို သဘောမတူခဲ့ပေ။ သူမက ဝိညာဉ်နတ်ဘုရားရဲ့ စွမ်းအားကို ကြောက်ရွံ့၍သာ ငြိမ်ခံနေခြင်းပင်။ သို့သော် နှစ်ပေါင်းများစွာ ကုစားလာပြီးနောက် ပျောက်လုနီးပါး ဖြစ်နေသည့် ရှန်းချွန်းမင် သည် သူမကြောင့် ဝိညာဉ်ပြန်ကွဲထွက်သွားခဲ့သည်။ ထိုအကြောင်းကို သူတော်စင်မ သိသွားပြီးနောက် သူမက ဝိညာဉ်နတ်ဘုရားကို ရန်စမှုများလုပ်လာသည်။