" ဒါက ဘယ်နေရာလဲ .. ငါ space ထဲပြန်ရောက်လာတာလား " သူမပြောနေစဉ်မှာဘဲ သူမရှေ့ အကွာအဝေးတစ်ခုတွင် အလင်းတန်းတစ်ခုကျလာသည်။ အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် မိန်းကလေး တစ်ဦး က သူမရှေ့တွင် ပေါ်လာသည်။ သူမက ချင်းပေအား သတိမပြုမိဟန်ဖြင့် သူမရဲ့ နေရာသို့ လျှောက်သွားလိုက်သည်။ သူမက စာအုပ်ဖတ်ခြင်း ၊ သိုင်းပညာလေ့ကျင့်ခြင်း ၊ ထိုနောက် တေးဂီတ ၊ အချုပ်အလုပ် စတဲ့ ပညာမျိုးစုံကို တစ်ခုပြီးတစ်ခု လေ့ကျင့်နေသည်။
အချိန်မည်မျှကြာသွားသည်မသိ ထိုမိန်းကလေးက အတွင်းအားကျင့်ကြံနေရာမှ ထလာသည်။ ချင်းပေက သူမရဲ့ လှုပ်ရှားမှုတိုင်းကို တစ်ခုမကျန်လိုက်ကြည့်နေသည်။ ထိုမိန်းကလေးက သူမလက်က နာရီကို ထိလိုက်သည်နဲ့ လမ်းကြောင်းတစ်ခု ပေါ်လာကာ ပျောက်သွားသည်။
ချင်းပေကလည်း နောက်နေရာတစ်ခုတွင် ပေါ်လာပြန်သည်။ ထိုနေရာသည် ဈေးတစ်ခုဖြစ်သည်။ သို့သော် ဆိုင်ခန်း များတွင် ထားရှိသော ပစ္စည်းများက ကမ္ဘာပေါ်တွင် ရနိုင်ရန် မဖြစ်နိုင်သော ပစ္စည်းများပင်။ အများစုက ဝိညာဉ်နဲ့ သက်ဆိုင်နေသည်။ ပတ်ဝန်းကျင်တွင် သွားလာနေသော လူများက သူမကဲ့သို့ တာဝန်ထမ်းဆောင်သူများ ဖြစ်ဟန်တူသည်။
< Host သရေ လေးဘာလေး သုတ်ပါဦး .. ပစ္စည်းတွေကို ပေါက်ကွဲ မတက် ကြည့်နေလဲ ဒါတွေက မှတ်ဉာဏ် အပိုင်းအစ ပုံရိပ်ယောင်တွေဘဲလေ .. ပြီးတော့ပစ္စည်းအစစ်ဆိုရင်တောင် host ရဲ့ မဖြစ်စလောက် point. လေး နဲ့ ဝယ်နိုင်မယ် ထင်လား .. ဒီ ဈေးထဲက အမှိုက်တောင် အနည်းဆုံး point 40000 လောက်ရှိတယ်။ >
ချင်းပေက သူမအား အထင်တသေးပြောနေသည့် system အား လစ်လျုရှုလိုက်သည်။ သူမက ဆိုင်ခန်းတစ်ခုထဲဝင်သွားသည့် မိန်းကလေး နောက်သို့လိုက်သွားသည်။ ထိုမိန်းကလေးက ပစ္စည်းများတစ်ခုပြီး တစ်ခု ဝယ်နေသည်။ သူမက မည်သူနဲ့ မှ စကားပြောဆိုခြင်းမရှိချေ။ ချင်းပေက သူမဝယ်နေသည့် ပစ္စည်းများအား ကြည့်ကာ တံတွေးမျိုချလိုက်သည်။ ထိုပစ္စည်းတွေထဲက ဈေးအနိမ့်ဆုံး တစ်ခုကို ရဖို့ သူမကိုယ် သူမရောင်းရင်တောင် မဝယ်နိုင်လောက်ဘူး။
![](https://img.wattpad.com/cover/268488265-288-k83592.jpg)