ARC.3.5

2.9K 441 4
                                    

ချင်းပေက ထိုအမျိုးသမီးနဲ့ ရည်ရွယ်ချက်ကို သိလိုက်သည်။ သူမက လီချန်ကို ကြည့်ရင်း နူတ်ခမ်းကို တွန့်ရုံပြုံးလိုက်ကာ " မိန်းကလေးအန်းချီ သွယ်ဝိုက်ပြီး သတိပေးနေစရာမလိုပါဘူး .. ကျွန်မမှာ ချစ်သူရှိပြီးသားပါ.. "‌သူမက ‌ပေါ့ပေါ့ပါးပါးပြောနေသော်လည်း... လုံးဝ စနောက်သည့်ဟန် မပေါ်ချေ။

အန်းချီက ထိုအဖြေကို မျှော်လင်းထားခြင်းမရှိချေ။ ချင်းပေက လီချန်ရဲ့ အမူအရာမဲ့နေတဲ့ မျက်နှာကို ကြည့်ရင်း စိတ်ရှုပ်သွားတယ်။ ' ဘာမှ မခံစားရဘူးလား ..' သူမက ဖြစ်နိုင်ချေ အမျိုးမျိုးကို တွက်ချက်နေတယ်။ ယွဲ့ချင်းရွယ်က သူမဆီကို ဝိညာဉ်အပိုင်းအစ တစ်ခု ယူခဲ့ပြီးပြီ .. တစ်ကမ္ဘာထဲမှာ ကွဲထွက်နေတဲ့ ဝိညာဉ်နှစ်ခု ရှိတယ်ဆိုတာ ဖြစ်နိုင်လား ..

" အသိပေးချက်!!!! ဇွန်ဘီတွေ လာတိုက်နေပြီ.. အသက် ၄၀ အောက် လူအားလုံး တိုက်ပွဲအတွက် အသင့်ပြင်ထားပါ "

အသိပေးချက်သည် သုံးကြိမ်တိုင်တိုင်မြည်သွားသည်။ ချင်းပေက ချက်ချင်း ယွဲ့လော်ဆီသို့ပြေးသွားလိုက်တယ်။ အခန်းထဲတွင် ယွဲ့လော်က တောင့်တစ်နေရာတွင် တစ်ယောက်တည်း ကုတ်ကုတ်လေး ထိုင်နေသည်ကို တွေ့လိုက်ရတယ်။ ထိုအခြေအနေကြောင့် ချင်းပေက ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ 

ဒီတစ်ခေါက် တာဝန်က လွယ်မည်ဟု ထင်ထားသော်လည်း ထင်ထားသည့်အတိုင်း ဖြစ်ဟန်မတူ။ သူမနေရာတွင် အခြားသူဆိုလျှင်တော့ ငှက်ပျောသီးအခွံနွာရသလောက် လွယ်ပေလိမ့်မည်။ သူမကို ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းကာ သီးသန့်ဆန်သည့် လူတစ်ယောက်အတွက်တော့ ပြောစရာကိုမလိုအောင် ခက်ခဲသည်။

ချင်းပေက ယွဲ့လော်ရှေ့ကို လျှောက်သွားလိုက်တယ်။ ခေါင်းငုံ့နေသော ယွဲ့လော်က သူမကို မော့ကြည့်လာတယ်။ ထို မျက်လုံးဝိုင်းဝိုင်းလေးကြောင့် သူမရဲ့ နှလုံးသားပင် ပျော့ပြောင်းသွားသည်။ သူမက ယွဲ့လော်ရှေ့ထိုင်ချကာ တိုးညင်းသော လေသံဖြင့် " ဘာဖြစ်လို့လဲ..ငါတို့မိသားစုရဲ့ အားလော်လေးကို ဘယ်သူအနိုင်ကျင့်တာလဲ.. မမ သွားရိုက်ပေးမယ်။ "

Valiant Professor Where stories live. Discover now