ARC.3.11

2.6K 391 8
                                    

B.base ရဲ့ တောင်ဘက်မြို့တစ်ခုတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည် ။ ထိုထဲက လူတစ်ယောက်က လူများအား ရေခဲစွမ်းအားကို အသုံးပြုကာ ကာကွယ်ပေးထားသည်။ အခြားတစ်ယောက်က သစ်ပင်မှ နွယ်ပင်များကို ထိန်းချုပ်ကာ ဇွန်ဘီများကို ရစ်ပတ်ထားသည်။ နောက်တစ်ယောက်၏ လက်ထဲမှ သံချွန်များထွက်လာကာ ချုပ်နှောင်ထားသည့် ဇွန်ဘီများကို အဆုံးသတ်ပေးလိုက်သည်။ ထိုလူများက တိုက်ခိုက်ရေး အတွေ့အကြုံကြွယ်ဝကာ အဖွဲ့လိုက်လှုပ်ရှားမှုမှာ အတော်လေး ကောင်းကြသည်။

သူတို့က ဇွန်ဘီတစ်အုပ်ကို ရှင်းလင်းပြီးသော်လည်း စိတ်မအေးနိုင်ကြသေးပေ။ အကြောင်းမှာ သူတို့နောက်တွင် ပိုကြီးမားသည့် အန္တရယ်ရှိနေသောကြောင့် ။ သူတို့နဲ့ ဆယ်ပေအကွာတွင် ဇွန်ဘီတစ်အုပ်ထပ်ရှိနေသည်။ ထိုဇွန်ဘီများက ခုနကထက်အရွယ်အစားပိုသေးသည်။ သို့သော် ထိုဇွန်ဘီများကို မြင်သည်နှင့် ထိုလူအုပ်ထဲရှိ လူများ၏ မျက်နှာသည် သွေးမရှိတော့သယောင် ဖြူဖျော့သွားသည်။

" မျိုးခွဲဇွန်ဘီတွေ ... ဒီလောက်မျိုးခွဲဇွန်ဘီ အများကြီး!!! B.base က ကောင်တွေက ရူးနေတာလား .. သူတို့က ဒီလို မကောင်းဆိုးဝါးတွေကို ဖန်တီးလိုက်တယ် .. " ရေခဲစွမ်းအားရှင်က ဖြူဖျော့သည့် မျက်နှာဖြင့် တုန်ယင်စွာပြောလိုက်တယ်။

" ကမ္ဘာကြီးရဲ့ အဆုံးသတ်က လူတွေရဲ့‌လောဘ‌ကြောင့် ဖြစ်လာတာဘဲ .. အဲ့ B.base က ကောင်တွေက မျိုးခွဲဇံန်ဘီတွေ သုံးပြီး ဇွန်ဘီတွေကို ထိန်းချုပ်ဖို့ ကြံစည်ရဲတယ်..ငါတို့တော့ မျှော်လင့်ချက်မရှိတော့ဘူး "

အဖွဲ့ထဲရှိ မြေစွမ်းအားရှင် တစ်ယောက်က ယုံကြည်မှု အပြည့်ဖြင့် ရှေ့ထွက်လာကာ " ဒေါက်တာယွဲ့ နဲ့ ဒေါက်တာလီ က သေချာပေါက် ကုသဆေးကို ဖော်ထုတ်နိုင်လိမ့်မယ်... ဒါပေမဲ့ ကမ္ဘာကြီး မူလအတိုင်း ပြန်ဖြစ်သွားတာကို ငါမမြင်နိုင်တော့တာ နှမျောစရာဘဲ "

လူတိုင်း ဟန်ချင်းရှု ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ သူတို့လဲ သူ့ရဲ့ စကားကို ယုံကြည်ချင်သည်။ ကုရှောင်းကတော့ မျက်မှောင်ကုတ်ထားသည်။ ဒီပျက်ကပ်ကြီး စတာ ဆယ်နှစ်လောက်ရှိပြီ။ လူတိုင်းနီးပါး စွမ်းရည် နိုးထလာကြသည်။ စွမ်းရည်မရှိသည့် လူတွေက စောစော သေသွားကြသည် ။ စဖြစ်တုန်းက လူတိုင်းက တစ်ချိန်က အေးချမ်းသည့် ဘဝကို ပြန်ရနိုင်ရန် မျှော်လင့်ချက်များ အပြည့်ရှိခဲ့ကြသည်။ သို့သော် သူတို့ရဲ့ မျှော်လင့်ချက်များကို သယ်ဆောင်ထားသော လူနှစ်ယောက်သည် ပျောက်ကွယ်သွားတာ 7 နှစ်လောက်ရှိသွားပေသည်။

Valiant Professor Where stories live. Discover now