ARC.3.18

2.2K 373 39
                                    

နောက်တစ်နေ့တွင် ဖန်ချုံးက အဓိကအခန်းတွင်း သို့ တည်ငြိမ်စွာဝင်လာသည်။ မနေ့က ကယောင်ကတမ်း ဒေါသတကြီး ဖြစ်‌နေသည့် အမျိုးသမီးလို့ မထင်ရအောင်ကို သူမက လတ်ဆတ်သည့် လေထုကို သယ်ဆောင်လျက် အမူအရာမပြဘဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဖန်ချုံးရဲ့ ရုတ်တရက် ပြောင်းလဲမှုကြောင့် အန်းချီက မျက်မှောင်ကြုတ်လိုက်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ ရွီရီဟန်က လည်း ဖန်ချုံး၏ အပြုအမှုကို မြင်ပြီးနောက် သူ့ရဲ့ မျက်နှာက အနည်းငယ် နူးညံ့သွားသည်။ သူက မတက်သာဟန်ဖြင့် သက်ပြင်းချလိုက်ကာ " ရှောင်ချုံး ကိုယ်..."

" ရပါတယ်.. ကျွန်မရဲ့စွမ်းရည်ကို ငှားပေးပါ့မယ်..ခေါင်းဆောင်ရွီက ထပ်ပြောဖို့ မလိုတော့ပါဘူး " ဖန်ချုံးက ရွီရီဟန် စကားမစခင် အရင်ပြောလိုက်သည်။ သူမရဲ့ မျက်နှာက ဒေါသများ မကျေနပ်မှုများ မရှိဘဲ အေးချမ်းနေသည်။

ရွီရီဟန်က သူမရဲ့ မျက်နှာလေးကို ကြည့်ရင်း အပြစ်ရှိစိတ်အနည်းငယ် ခံစားလိုက်ရပြီး ရင်ထဲတမျိုးဖြစ်သွားသည်။ သူက အပြစ်ရှိဟန်ဖြင့် " ရှောင်ချုံး.. မင်းစွမ်းရည်ကို ပြန်မရခင် အထိ ခံတပ်ထဲက ကြိုက်တာ ယူနိုင်တယ်.. မင်းကို အဖွဲ့တစ်ခုကို အမိန့်ပေးနိုင်တဲ့ အာဏာပေးမယ် "

ဖန်ချုံးက ရွီရီဟန်အား ထူးမခြားနား ပုံစံဖြင့် ကြည့်လိုက်သည်။ " ခေါင်းဆောင်ရွီ က ဒုက္ခခံဖို့ မလိုပါဘူး .. ဒါက ကျွန်မလုပ်သင့်တာပါ.. ဘာဘဲဖြစ်ဖြစ် ကျွန်မက ကျေးလက်တောရွာက ကောင်မလေး တစ်ယောက်သာသာပါဘဲ .. ခေါင်းဆောင်ရဲ့ အလေးပေးမှုကို မလိုအပ်ပါဘူး " သူမက အမူအရာမဲ့စွာဖြင့် ငြင်းပယ်လိုက်သည်။

ရွီရီဟန်က ပိုလို့ပင် အပြစ်ရှိစိတ်ကို ခံစားလာရသည်။ " ရှောင်ချုံး..."

" အော်.. ခေါင်းဆောင်ရွီ ကျွန်မ နာမည်က ဖန်ချုံးပါ.. ကျွန်မတို့က ဘာမှမပတ်သက်တဲ့အတွက် လူတွေ အထင်လွဲမှာစိုးလို့ ဆက်မခေါ်ဖို့ တောင်းဆိုပါတယ်... ခွင်ပြုပါဦး ??" ဖန်ချုံးက ပြောလိုက်သည်။ သူမ ပုံစံက ပုံမှန် အတိုင်းသာဖြစ်‌သော်လည်း သူနဲ့အနေများခဲ့သည့် ရွီရီဟန်က အခုချိန်တွင် ဖန်ချုံးသည် ထိုစကားများကို အတင်းဖိပြောခဲ့ကြောင်း သိလိုက်သည်။ သူမရဲ့ ခေါင်းကို ငုံ့ချလိုက်သော်လည်း သူက သူမရဲ့ နာကျင်နေသည့် မျက်ဝန်းကို မြင်လိုက်ရသည်။ ထွက်သွားသည့် အချိန်တွင် တင်းတင်းဆုပ်ထားသည့် လက်တစ်စုံက တုန်ယင်နေကြောင်း အမှတ်တမဲ့ မြင်လိုက်ရသဖြင့် ရွီရီဟန်က စိတ်မထိန်းနိုင်စွာ ဖန်ချုံးနောက် ချက်ချင်းလိုက်ရန် ပြင်လိုက်သည်။

Valiant Professor Où les histoires vivent. Découvrez maintenant