ARC.3.8

2.8K 413 4
                                    

" ဒီကို ဘယ်သူ လာသေးလဲ " အန်းချီက ဒေါသကို ထိန်းကာ ခပ်လှမ်းလှမ်းရှိ စမ်းသပ်ခန်းအား လက်ညိုးထိုးကာ ဖြတ်သွားဖြတ်လာ လူတစ်ယောက်အား မေးလိုက်သည်။

သူမ စမ်းသပ်ခန်းသို့ ရောက်သည့်အချိန်တွင် အပျက်အစီးများမှ လွဲ၍ ဘာမှမတွေ့ပေ။ လီချန်၏အရိပ်အယောင်ကိုပင် မမြင်ရချေ။ ခြေရာလက်ရာများလဲ မကျန်ရစ်ဘဲ ဒီတိုင်းပျောက်ကွယ်သွားသလိုပင်။

ရှဟွမ်က ရုတ်တရက် အမေးခံရခြင်းကြောင့် သွားနေရာမှ ရပ်တန့်လိုက်သည်။ သူက အန်းချီကို ကြည့်ရင်း လီချန်၏ စမ်းသပ်ခန်းအား ကြည့်လိုက်သည်။ သူက ခေါင်းယမ်းကာ " မသိဘူး.. ကျွန်တော်လည်း အခုမှ ဒီဘက်ကို ရောက်တာ "

ပြောပြီးမှ သူက တစ်ခုခုကို အမှတ်ရဟန်ဖြင့် " အော်... လွန်ခဲ့ နှစ်နာရီလောက်က ဒေါက်တာယွဲ့က ဒေါက်တာလီကို သွားရှာ မယ်လို့ ပြောသေးတယ်.. လာမလာတော့ မသိဘူး "

" ယွဲ့ချင်းရွယ်!! " ထိုနာမည်ကို ရွတ်ရင်း အန်းချီ၏ မျက်နှာ က မည်းမှောင်သွားသည်။ သူမက သူမရဲ့ လက်မှ နာရီလို အရာလေးကို ထိလိုက်သည်။ လေးတောင့်နာရီ ရဲ့ တစ်ဖက်တွင် 008 ဟု ရေးထားသည်။ အန်းချီက ထိရင်းနဲ့ " 008 ဇာတ်ကြောင်းထဲက ယွဲ့ချင်းရွယ်ရဲ့ အကြောင်းကိုရှာ "

[ အချက်အလက်ရှာဖြွေခင်းပြီးဆုံးပါပြီ..ပို့ဆောင်နေပါပြီ ]

အန်းချီက AI က ပို့ပေးသော အချက်အလက်များကို ကြည့်လိုက်သည်။ " ဒါဆို ယွဲ့ချင်းရွယ်က လွန်ခဲ့တဲ့လကတည်းက သေရမှာပေါ့ ..ဟမ့် .. ဘယ်တာဝန် လုပ်ဆောင်သူက ငါ့လမ်းမှာ ဝင်ရှုပ်ရဲတာလဲ ..ဝင်ရှုပ်ရဲတဲ့လူသေရမယ် "

သူမက သူမရဲ့စိတ်စွမ်းအားကို ဖြန့်ကျက်ကာ လီချန်၏ ကိုယ်ထဲတွင် သူမ ထည့်ထားခဲ့သည့် စိတ်စွမ်းအားကို အာရုံခံလိုက်သည်။ သို့သော် သူမရဲ့ စိတ်စွမ်းအားက ဘယ်တုန်းကမှ မရှိသကဲ့သို့ တုန့်ပြန်မှု အနည်းငယ်ပင်မရချေ။

[ ပစ်မှတ်က စိတ်စွမ်းအား မသက်ရောက်တဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်.. တည်နေရာ အတည်ပြုလို့မရပါ ]

သူမက မျက်လုံးဖွင့်လိုက်ပြီး အမုန်းတရားအပြည့်ဖြင့် ပြောလိုက်သည်။ " ကောင်းပြီ... နင့်မှာ အစွမ်းအစ နဲနဲတော့ရှိသားဘဲ.. နင်တို့ တသက်လုံး ပုန်းနေမယ်လို့တော့ ငါမထင်ဘူး... အပြင်ထွက်လာရင် ငါမတွေ့အောင်သာ ရှောင်ပေတော့ "

Valiant Professor Where stories live. Discover now