ခွမ်း!!!
" ဘယ်သူလဲ !!!" ချင်းပေက လက်တော့ကို ချက်ချင်းပိတ်လိုက်ပြီး အနောက်ကဓားကို လက်လှမ်းကာ လှည့်ကြည့်လိုက်သည်။ သူမရဲ့ တုန့်ပြန်မှုက အလွန်မြန်တယ်။ တဖက်လူက ထွက်ပြေးဖို့ကြံချိန်တောင်မရလိုက်ဘဲ ဓားသွားက ထိုသူရဲ့ လည်ပင်းပေါ်ရောက်လာတယ်။
" ဟန်ချင်းရှု !!!!"
" ယွဲ့ချင်းရွယ် !!!"
အသံနှစ်ခုက စမ်းသပ်ခန်းအတွင်း ပြိုင်တူ ထွက်ပေါ်လာတယ်။ ဟန်ချင်းရှုက ချင်းပေအား မယုံနိုင်စွာ ကြည့်ရင်း " မင်းမသေဘူးလား .. ??" သူ့အသံ ထဲတွင် သံသယများစွာ ပါဝင်နေတယ် ။
" နင့်လက်က အချက်ပြခလုတ်နဲ့ ငါ့လက်က ဓားနဲ့ ဘယ်ဟာ ပိုမြန်လဲ စမ်းသပ်ချင်တာလား " သူမက ဓားကို လည်ပင်းနဲ့ ထပ်ကပ်လိုက်သဖြင့် သွေးအနည်းငယ်စို့လာသည်။
ဟန်ချင်းရှုက လက်နှစ်ဖက်ကို မြောက်ကာ မတ်မတ်ရပ်နေရင်း ထွက်ပြေးရန် စဉ်းစားနေသည်။ သူက သူမကို စကားပြောဖို့ ပါးစပ်ဟလိုက်ချိန်မှာဘဲ လည်ဂုတ်မှ နာကျင်မှု ဖြစ်ပေါ်လာပြီး သူ့မျက်လုံးများ အမှောင်ကျသွားတော့တယ်။
ချင်းပေက ဟန်ချင်းရှု သတိမေ့သလား သေချာစေရန် နှစ်ချက်လောက် ကန်လိုက်တယ်။ သူမက သေချာပြီး ဆိုမှ သူမရဲ့ နဖူးကို ထိကာ သိုလှောင်နယ်မြေကို နိုးထပြီး ဟန်ချင်းရှုကို အထဲသွင်းလိုက်တယ်။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ဘာမှမရှိတာ သေချာမှ သူမက လက်တော့ကို သိမ်းကာ သူမအိတ်ထဲ ထည့်လိုက်ပြီး စမ်းသပ်ခန်းမှ ယွဲ့လော်၏အခန်းသို့ ဦးတည်း သွားတော့တယ် ။
____
" ဒေါက်!!! ဒေါက်!!ဒေါက်!!!"
" အထဲက ပြန်မဖြေဘူး ဆရာ " တပ်သားက ရွီရီဟန်ကို ဦးညွှတ်ကာ အခြေအနေကို ရှင်းပြလိုက်သည်။ ရွီရီဟန်က စိုးရိမ်သွားကာ တံခါးကို ကန်ဖွင့်လိုက်တယ်။ သူထင်ထားသလိုဘဲ လျိုစစ်ကျီတို့က အခန်းထဲမှာ မရှိတော့ဘူး ။
" အခုချက်ချင်း ဂိတ်ကို ဘာသတင်းရလဲ မေး!!! ကျန်တဲ့လူတွေ ခံတပ်တစ်ခုလုံးကို လိုက်ရှာ.. လျိုစစ်ကျီမှာ ကလေးတစ်ယောက်ရှိသေးတယ်.. သူဝေးဝေးသွားနိုင်မှာ မဟုတ်ဘူး .. ငါ လုံခြုံရေးအခန်းကို သွားလိုက်ဦးမယ် .. ရှောင်ချုံး သွားမယ် " ရွီရီဟန်က အမိန့်ချမှတ်ကာ လုံခြံရေးအခန်းသို့ ဦးတည်လိုက်သည်။