" သူ.. စမ်းသပ်ခန်းမှာ!!! စွမ်းရည်အသစ်တွေကို စမ်းသပ်နေတယ် "
ကုရှောင်းက ခုံမှထကာ အလျင်စလိုပြောလိုက်သည်။
ချင်းပေက ကုရှောင်းအား တဖန်ပြန်လည့်ကြည့်ကာ
" အော်!!! အင်း "" သူက စွမ်းရည်စမ်းသပ်နေတယ်လေ " ကုရှောင်းက ချင်းပေအား အံ့ဩနားမလည်သည့်ဟန်ဖြင့် ကြည့်နေသည်။ သူမက စွမ်းရည်စမ်းသပ်ချက်လုပ်ရင် အသက်ဆုံးရှုံးနိုင်တာ မသိဘူးလား။
" အင်းလေ.." ချင်းပေကလည်း သိပြီးဆိုသည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။
ကုရှောင်းက ချင်းပေအား မသိလောက်ဘူးထင်ကာ စွမ်းရည်စမ်းသပ်ချက်က အန္တရယ်များကြောင်း လူ့အသက်ကို စမ်းသပ်ရတာဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြနေသည်။
ချင်းပေက ကုရှောင်း၏ အားကြိုးမာန်တက် ရှင်းပြနေသည်ကို ကြောင်ကြည့်နေသည်။ ဒါတွေက သူမ သိပြီးသားတွေလေ။ ယွဲ့ချင်းရွယ်က လီချန်လောက် မဟုတ်ပေမဲ့ သူမလဲ တစ်ယောက်နှစ်ယောက်တော့ စမ်းသပ်ဖူးသည်။
" ပြောလို့ ပြီးပြီလား " ချင်းပေက ကုရှောင်းအား နူးညံ့စွာမေးလိုက်သည်။ သူမ က ဒီလူ ဦးနှောက်တစ်ခုခု ဖြစ်နေမှန်း သေချာသွားကာ သနားသွားသည်။ မဟုတ်ရင် သူမကို ဒါတွေ လာပြောနေမှာ မဟုတ်ဘူး။
ကုရှောင်းက ကျေနပ်အောင်ရှင်းပြပြီးချိန်တွင် ချင်းပေ၏ သူ့အား သနားစွာကြည့်နေသည့် မျက်လုံးများကို မြင်လိုက်ကာ နားမလည်ဖြစ်သွားသည်။ သို့သော် သူက များများမတွေးမိဘဲ ချင်းပေအား မေးလိုက်သည် " သူ့ကို သွားမတားဘူးလား " သူကြားဖူးသလောက် ယွဲ့ချင်းရွယ်သည် လူသားမျိုးနွယ်အတွက် အလွန်ကြိုးစားပြီး သံယောဇဉ်ကြီးမားကာ ကြင်နာသည့် လူစားမျိုးဖြစ်သည်။ လီချန်ရဲ့ လုပ်ရပ်ကို သိသွားလျှင် အနည်းဆုံးစိတ်တိုသွားမှာ သေချာသည်။ သို့သော် သူ့အထင်နဲ့ အမြင်ကလွဲသွားသည်။ သူက ယွဲ့ချင်းရွယ် ပြောလိုက်သည့် စကားကြောင့် သွေးပါအန်ချင်သွားသည်။
ချင်းပေက အချိန်တချို့ကြာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
" လီချန် အတွက် အန္တရယ်ရှိလို့လား ?? "