ARC.3.20

2.2K 357 9
                                    

လူတိုင်း၏ အရှေ့မှာပင် ချင်းပေက စွမ်းရည်များကို စုပ်ယူလိုက်သည်။ သူမ ပတ်ဝန်းကျင်တွင် သာမန်သာ ဖြစ်နေသော်လည်း သူမကိုယ်တွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်ပမာဏ ကို စွမ်းရည်ရှိသူသည့်လူတိုင်း ခံစားမိသဖြင့် ထိတ်လန့်သွားကြသည်။

သူမ စုပ်ယူလိုက်တဲ့ စွမ်းရည်များအကြောင်း စဉ်းစားမိလိုက်တိုင်း လူတိုင်း ကြောက်လန့်သွားကြသည်။ မီးစွမ်းအင် ၊ စိတ်စွမ်းအင် ၊ အကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် ကုသရေးစွမ်းအင် ၊ စွမ်းအားအကြီးဆုံး မိုးကြိုးစွမ်းအင် ၊ နောက်ပြီး ဖန်ချုံး၏ ပြောစကားအရ ယွဲ့ချင်းရွယ်တွင် အစကတည်းက စွမ်းရည် တစ်မျိုးထက် ပိုရှိသည့်ပုံပင် ။ဒီလို လူမျိုး က ခံတပ်တစ်ခုလုံးကိုပင် ယှဉ်နိုင်လောက်သည်။

လူတိုင်းက သူတို့ရဲ့ ခေါင်းဆောင်ကို ကြည့်လိုက်ကြသည်။ ရွီရီဟန်သည် ခန‌မျှကြောင်အ သွားပြီးနောက် ထိတ်လန့်မှုနဲ့ ဒေါသကို တစ်ပြိုင်နက် ခံစားမိလိုက်သည်။ သူက ချင်းပေအား မီးဝင်းဝင်းတောက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး " လာကြစမ်း.. သူမကို ဖမ်း .. " သူက ချင်းပေအား လှောင်ပြုံးပြုံးကာ ကြည့်လိုက်ရင်း တုံ့ဆိုင်းနေသည့် စစ်သားများဘက်သို့ကြည့်လိုက်သည်။ " စွမ်းရည်တွေက အခုမှ စုပ်ယူပြီးခါစဘဲ ရှိ‌သေးတာ သူမက အသုံးမပြုနိုင်သေးဘူး .. စိတ်ပူမနေနဲ့ "

ထိုစကားကြောင့် စိတ်ပူနေသည့် ဖန်ချုံးကလည်း သက်သာရာရသွားကာ ရွီရီဟန်၏ လက်မောင်းကို ချိတ်လိုက်ရင်း ချင်းပေအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်‌လိုက်သည်။ " ဟမ့်..နင့်မှာ စွမ်းရည် သုံးခုထက် ပိုရှိနိုင်မလား ကြည့်ရတာပေါ့ .. "

သို့သော် သူမပြောလို့ မပြီးခင်ပင် နမိတ်မကောင်းသည့် ခံစားချက်အားရလိုက်သည်။ သူမ ရှေ့တွင် ရှိနေသော ချင်းပေသည် ပုံရိပ်ယောင် တစ်ခုကို ချန်ထားခဲ့ကာ အန်းချီအား သယ်လျက် ပျောက်ကွယ်သွားခဲ့သည်။ အမြန်နူန်းကြောင့် ဖြစ်လာသည့် ပုံရိပ်များသည်လည်း ပျောက်သွားတော့သည်။

ဖန်ချုံးက ကောင်းကင်ပေါ်မှ ကန်ချခံလိုက်ရသလိုခံစားလိုက်ရသည်။ သူမက ချင်းပေပျောက်သွားသည့် နေရာကို တွေတွေကြီး ကြည့်ရင်း အသက်မဲ့စွာ ရေရွတ်လိုက်သည်။ " လေစွမ်းအင် လား "

Valiant Professor Where stories live. Discover now