ARC.3.16

2.4K 365 12
                                    

ချင်းပေက စမ်းသပ်ခန်း ထဲရှိ ခုံတစ်ခုပေါ်တွင် ထိုင်ကာ ရှေ့ခလျာက်နောက်လျှောက်ဖြင့် အလုပ်ရှုပ်နေသည့် လီချန်အား ကြည့်နေသည်။ သူမရဲ့ လက်ညိုးက စားပွဲခုံကို ခေါက်ရင်း အလေးအနက်စဉ်းစားနေသည်။

' ကုသဆေးက ဖန်ချုံးမဟုတ်ရင် ဘယ်သူမှ ဖော်နိုင်မှာ မဟုတ်ဘူး .. ငါ့မှာ ဆေးညွှန်းရှိရင်တောင် မဖြစ်နိုင်ဘူး ...ပြောရရင် ဖန်ချုံးက ဖြေဆေးဖော်ဖို့ မွေးဖွားလာသလိုဘဲ.. ဒီဇာတ်ကြောင်းက သူမကြောင့် ဖြစ်ခဲ့တာ ..' ချင်းပေက စဉ်းစားရင်း လက်ညိုးနဲ့လက်မဖြင့် ခေါင်းကို ထောက်ရင်း မကျေမနပ်ရေရွတ်လိုက်သည်။ " ကျစ်!!! ငါ့ကို ခေါင်းကိုက်ရ‌အောင် လုပ်နေတာဘဲ .." အခုထိ ယွဲ့ချင်းရွယ်ရဲ့ တာဝန်ကလည်း မပြီးသေးဘူး ။ ဇွန်ဘီတွေ ရှိနေသည့် ကာလပတ်လုံး ယွဲ့လော်က အန္တရယ်ရှိနေမယ်လို့ ယွဲ့ချင်းရွယ်က ယူဆထားတာကြောင့်ပင်။

" ဘာလို့ဖြစ်လို့လဲ " လီချန်က လက်အိတ်အဖြူကို ချွတ်ရင်း ချင်းပေရှေ့သို့ရောက်လာသည်။ သူက လက်အိတ်ကို အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး ချင်းပေရှေ့တွင် ထိုင်ချလိုက်သည်။

" ဘာမှမဖြစ်ပါဘူး... ဒါနဲ့ ဆေးက အခြေအနေ ဘယ်လိုလဲ " ချင်းပေက အတွေးထဲမှ ထွက်ကာ လီချန်အား မေးလိုက်သည်။

လီချန်က မျက်မှောင်ကြုတ်လိုက်ကာ " အဆင်မပြေဘူး .. ဖော်စပ်ဖို့ ကြိုးစားတိုင်း တစ်ခုခုလိုသလိုမျိုး အမြဲကျရှုံးနေတယ် "

ချင်းပေက သက်ပြင်းချလိုက်တယ် ။ သူမထင်ထားသလိုဘဲ ဖန်ချုံးရဲ့ စွမ်းရည်မရရင် ကုသဆေးဖော်ဖို့ မဖြစ်နိုင်ဘူး ။ ' အခြေအနေတွေက တဖြေးဖြေးနဲ့ ရှုပ်လာပြီ .. ငါ ကိုယ်တိုင် B.base ထဲကို ဝင်မှ ထင်တယ် .. ငါ့ ခန့်မှန်းချက်သာ မှန်ရင် အခုချိန် ဖန်ချုံးက အတော်လေး အခက်တွေ့နေလိမ့်မယ် ' တစ်ချက်တွေးရင်း သူမက ဆုံးဖြတ်ချက်ချလိုက်သည်။ ' ကောင်းပြီလေ .. ကြိုးစားကြည့်တာပေါ့ အန်းချီနဲ့ ရင်ဆိုင်ဖို့ ဖန်ချုံးက အသုံးဝင်ချင်လည်း ဝင်နိုင်တယ် '

" တကယ်လို့ မရရင် မလုပ်နဲ့တော့ .. ချင်းအာ ဆက်လုပ်မယ် .. အနားယူနေပါ.. " ချင်းပေက လီချန်၏ ဖျော့တော့နေသည့် မျက်နှာအား ကြည့်ကာ ပြောလိုက်သည်။

Valiant Professor Where stories live. Discover now