B.base ၏ ပတ်ဝန်းကျင်တွင် ဇွန်ဘီများ ရေတွက်မရလောက်အောင် ပေါများနေပြီး ကြောင်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ ပြည့်နှက်နေသည်။ တိုက်ခိုက်မှု ကျွမ်းကျင်သည့် စွမ်းအားရှင် တစ်ယောက်ပင် သတိတစ်ချက်လွှတ်သွားပါက အသက်ပေးလိုက်ရပေမည်။
အပြင်ဘက်ရှိ ကြောက်မက်ဖွယ် လေထုနဲ့ ယှဉ်လျက် B.base အတွင်းရှိ အဓိက အခန်းတွင်းရှိလေထုမှာ တင်းကြပ်လျက်ရှိသည်။ အဓိက အလယ်ခုံတွင် ရွီရီဟန်က မျက်မှောင်ကြုတ်လျက်ထိုင်နေသည်။ သူ့မျက်ဝန်းတွင် လျပ်စီးလက်သကဲ့သို့ အလင်းတဖျက်ဖျက်လက်နေသည်။ ကျန်သည့်လူများက ရွီရီဟန်၏ ဒေါသအား ခံစားမိသကဲ့သို့ ပါးစပ်ကိုသာ ပိတ်ထားပြီး အခြေအနေကြည့်နေကြသည်။
အတန်ကြာ ရွီရီဟန်၏ စိတ်ပျက်နေသည့်အသံက အခန်းတွင်း ထွက်လာသည်။ သူ့အသံထဲတွင် စိတ်မရှည်မှုနဲ့ ဒေါသ များ ပါဝင်နေသည်။
" ရှောင်ချုံး!! အလကားနေရင်း ပြဿနာ မရှာနေလို့ ရမလား .. "
" ငါက ပြဿနာရှာတယ် ..နင်က ငါ့ကိုတော့ အပြစ်တင်ပြီး ဒီမိန်းမကိုတော့ ဘာမှ မပြောတော့ဘူးလား.. " ဖန်ချုံးက အံတင်းတင်းကြိတ်ကာ သူမရှေ့တွင် ရပ်နေသော အန်းချီအား လက်ညိုးထိုးလိုက်သည်။ သူမက အန်းချီ၏ ထူးမခြားနား ပုံစံကိုတွေ့လိုက်သည်နှင့် ဒေါသပိုထွက်လာသည်။ ' နင့်ရဲ့ အဲ့ဒီ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ ပုံစံကို အမုန်းဆုံးဘဲ '
" ရှောင်ချီ က ဘာမှ မမှားဘူး .. သူမက မျိုးခွဲဇွန်ဘီတွေရဲ့ စွမ်းရည်ကို ထပ်တိုးဖို့ မင်းရဲ့ စွမ်းရည်ကို ခနငှားချင်ရုံလေးဘဲလေ "
ရွီရီဟန်၏ စကားများက သူမရဲ့ဒေါသကို လောင်စာ ထပ်ဖြည့်လိုက်သလို ဖြစ်သွားသည်။
ဝုန်း!!!
သူမက စားပွဲကို အားဖြင့် ထုရိုက်ကာ မတ်တပ်ထလိုက်သည်။ " ရွီရီဟန် !! နင် လွန်မလာနဲ့ ... ငါ့စွမ်းရည်က ထူးခြားတယ် .. ငှားချင်ရင် နည်းနည်းချင်းစီ ထုတ်ပေးလို့ ရတာမဟုတ်ဘူး .. "
" မပူပါနဲ့ .. ပြန်ပေးမှာပါ " အန်းချီက ခံစားချက်မဲ့သည့် အသံဖြင့် ဝင်ပြောလိုက်သည်။ သို့သော် ဖန်ချုံးက အသံထဲတွင် သူမအားလှောင်ပြောင်နေသည် ကို ခံစားရသည်။