ARC.3.Final

2.5K 401 45
                                    

ချင်းပေက ပြန်လည်သက်သာလာနေသည့် ဝိညာဉ်ရှေ့တွင် အလိုအလျောက် ပိတ်ရပ်လိုက်ပြီး သူမရှေ့ရှိ အမျိုးသမီးအား သတိအနေအထားဖြင့် ကြည့်လိုက်သည်။ သူမထင်ထားသည်နဲ့ မတူစွာ ဝိညာဉ်သူတော်စင်မ သည် သူမအား အပြစ်ကင်းစင်သည့် အပြုံးတစ်ခု ပြုံးပြလာသည်။

' ဘာလားဟ ဒါလဲ လှည့်စားနည်း တမျိုးဘဲလား '

ချင်းပေက လက်နှစ်ဖက်ကို ယှက်ကာ " ဒီ ဝိညာဉ်ငယ်လေးက ဝိညာဉ်သူတော်စင်မကို အနှောက်အယှက်များ ပေးမိလို့လား "

ထိုချစ်စရာကောင်းသည့် အမျိုးသမီးက လက်ကာပြကာ " မဟုတ်ပါဘူး.. မဟုတ်ပါဘူး  ..ငါက မင်းကို လာကြည့်တာ .. အရင်က သဘောတူညီမှုက သက်တမ်းကုန်တော့မှာဆိုတော့ အလုပ်များနေတာ မအားတာနဲ့ မလာရဘူး "

" ပြီးတော့ နာမည်က နွီရှန်း ရှန်းရှန်း လို့ ခေါ်ရင်ရပြီး .. ဝိညာဉ်သူတော်စင်တွေ အသာထားစမ်းပါ "

ချင်းပေ "..." ရှန်း..ရှန်း အဟမ်း နာမည်က ချစ်ဖို့ ကောင်းမနေဘူးလား ... ငါက ဝိညာဉ်သူတော်စင်မဆိုတော့ အထင်တွေ ဇွတ်ကြီးထားတာ.. အခုတော့ ကလေးမလေး တစ်ယောက် နဲ့ နင်လားငါလားဘဲ

" အခုကြည့်တော့လည်း သိပ်တော့ မလှပေမဲ့ ဝိညာဉ်နတ်ဘုရားရဲ့ ချစ်သူ လေး က ဆိုးတော့ မဆိုးဘူးဘဲ "

" နင်က သဘောတူညီမှုကို သဘောမတူဘူးဆို " ချင်းပေက ရှန်းရှန်းအား စိုက်ကြည့်လိုက်သည်။

ရှန်းရှန်း က နူတ်ခမ်းကို ကိုက်လိုက်ရင်း စိတ်ဆိုးနေသည့် လေသံဖြင့် ပြောလာသည်။ " ဒါပေါ့ .. ငါက တိုက်ခိုက်ရတာကြိုက်တယ်လေ.. ဒါပေမဲ့ ဝိညာဉ်နတ်ဘုရားက ငါ့ကို အပြစ်ပေးတဲ့အနေနဲ့ နှစ်တစ်သိန်း ပိတ်လှောင်ထားပြီးတော့ ငါလည်း မတတ်နိုင်ဘဲ သဘောတူရတော့တာပေါ့ . .. "

" အလင်းဝိညာဉ်က .... " ချင်းပေ၏ မျက်နှာက တစ်မျိုးဖြစ်သွားသည်။ သူမ အလိမ်ခံလိုက်ရတာလား .. ဝိညာဉ်ပြန်ကောင်းသွားရန် ဘာတွေ ဖြစ်လာမှာလဲ ။

ရှန်းရှန်းက တခစ်ခစ်ရယ်ရင်း ပြန်ပြောလာသည်။ " အမှန်ရော လိမ်တာရော ဘဲ .. ဟီးဟီး.. မဟုတ်ရင် နင်က ဘယ်လိုယုံမှာလဲ "

Valiant Professor Hikayelerin yaşadığı yer. Şimdi keşfedin