" အရင်ဆုံး မင်းကို ကုပေးမယ် " ထိုအမျိုးသမီးက ပြောရင်း လက်ဝှေ့ယမ်းလိုက်သည်။ သူမ လက်မှ လင်းလက်နေသည့်အဖြူရောင် အမှုန်လေးများထွက်လာကာ ချင်းပေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ချင်းပေက သူမရဲ့ မောပန်းနွမ်းနယ်မှုအားလုံး မရှိခဲ့သလိုပင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ အရင်ကထက်ပင် ပိုပြီး စွမ်းအားပြည့်လာသလိုပင်။
" ငါဘယ်လိုပြန်သွားရမလဲ " ချင်းပေက မေးလိုက်တယ်။ သူမက လှဲနေရာမှ မထသေးဘဲ နေမရှိသော်လည်း လင်းလက်နေသည့် လေဟာပြင်ကို ငေးကြည့်လိုက်သည်။
" အို!! မင်းရဲ့ ပထမဆုံးမေးခွန်းက ' သူဘယ်လိုလူလဲ ' ဒါမှမဟုတ် ' ငါ ဘယ်သူလဲ ' ဖြစ်မယ်ထင်ထားတာ.. "
ချင်းပေက ထိုချစ်စရာကောင်းသည့် တအံ့တဩအမှုအရာလေးကို ကြည့်နေလိုက်ပြီး ဘာမှမပြောပေ။ သူမက သူမရဲ့ မေးခွန်းရဲ့ အဖြေကိုသာ စောင့်နေသည်။ ပြီးတော့ ထိုအမျိုးသမီးက သူမမမေးလည်း ပြောပြမည် ဖြစ်ကြောင်း သိထားသည်။ မဟုတ်ရင် သူမက ဒီနေရာမှာ ဘာလို့ ပေါ်လာမှာလဲ ။ သူမက ထိုအမျိုးသမီး အားယားလွန်းလို့ လမ်းလျှောက်ထွက်နေစဉ် သူမနဲ့ မတော်တဆတွေ့တယ် လို့ ထင်ရမှာလား။ မနောက်စမ်းပါနဲ့ ။
ချင်းပေရဲ့ အမူအရာကို ကြည့်ကာ ထိုအမျိုးသမီးက ခပ်ဖွဖွ ပြုံးလိုက်တယ်။ အရှင့်ရဲ့ ချစ်သူ လို့ မပြောရဘူး.. တကယ်ကို ပြောရဆိုရခက်တာဘဲ။
သူမက အနီးအနားရှိ ပန်းတစ်ပွင့်ကို ခူးဆွတ်လိုက်ကာ ချင်းပေအနားတွင် ထိုင်ချလိုက်သည်။ ဖိနပ်မစီးထားသဖြင့် အကာအကွယ်မရှိသည့် သူမရဲ့ ခြေဖဝါးနုနုလေးက မြက်ခင်းပေါ်ကို ဆန့်ထားလျက်။
ချင်းပေ ထံသို့ မိန်းမဆန်သည့် အငွေ့အသက်များပျံ့လွင့်လာကာ လူကို လန်းဆန်းစေနိုင်သည့် အနံ့သင်းသင်းလေး ရလိုက်သည်။ ချင်းပေက သူမရဲ့ ခေါင်းကို အနဲငယ်စောင်းကြည့်လိုက်သည်။ သူမက မျက်ခုံးကို အသာပင့်လိုက်ကာ သူမ ဖြစ်စေချင်သည့် အတိုင်းမေးလိုက်တယ်။
" မင်းဘယ်သူလဲ?? ဒါက ဘယ်နေရာလဲ ? ပြီးတော့ ဘာတွေ ဖြစ်နေတာလဲ ? " ချင်းပေက သူမရဲ့ လက်ကို ခေါင်းနောက်သို့ထားကာ ဆက်ပြောလိုက်သည်။ " ရပြီလား... ဖြေတော့ "