ချင်းပေက ခံတပ်ထဲရှိ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်း လုပ်နေသည့် ယွဲ့လော်အား တစ်ချက်ကြည့်ကာ အော်လိုက်တယ်။ " ခါးကို မတ်မတ်ထား... ဒူးက မနိမ့်ရဘူး .. လက်ကို ခါးကပ်ထား!!.. အေး။ ဟုတ်ပီ အဲ့အတိုင်းဘဲ.နောက်တစ်နာရီ အဲ့အတိုင်းနေဦး "
သူမက ယွဲ့လော်အား ကြပ်မတ်ပြီးနောက် သူမလက်ထဲရှိ စာအုပ်ကို ပြန်အာရုံစိုက်လိုက်သည်။ ယခု သူမက ယွဲ့ချင်းရွယ်ရဲ့ သုတေသန မှတ်တမ်းကို ကြည့်နေခြင်းပင်။ သူမ တာဝန်ပြီးဖို့ နည်းလမ်းအမျိုးမျိုးစဉ်းစားခဲ့သည်။ ပုံမှန် သူမ တာဝန်ပြီးတဲ့ နူန်းက သူမရဲ့ သန်မာမှုနဲ့ တိုက်ရိုက်အချိုးကျသည်။ သို့သော် ယခုမှု မတူပေ။ သူမသာ ယွဲ့လော်အား ဘေးကင်းကင်းပျော်ပျော်ရွင်ရွင်နဲ့ ကြီးပျင်းလာစေချင်လျှင် ဒီကပ်ဆိုးကြီး ပြီးဆုံးမှ ဖြစ်မည်။ နောက်ပြီး လီချန်ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး သူမက ဒီကမ္ဘာကို ထိန်းချုပ်ထားသူရဲ့ စနက်ဖြစ်ကြောင်း သံသယရှိနေသည်။ သို့သော်လည်း မည်သို့စုံစမ်းရမည်ကို မသိသေးချေ။ လီချန် ကလည်း တိုက်ပွဲပြီးကတည်းက ပျောက်သွားတာ အခုထိဘဲ.. သူမ ရဲ့ သံသယတွေကို ဘာမှ အတည်မပြုနိုင်သေးဘူး ၊ ' လာပါစေဦး .. မှတ်လောက်အောင်ကို ရိုက်ပစ်ဦးမယ် '
အခြေအနေက မည်သို့ပင်ဖြစ်စေ ယခုအချိန် သူမတွေးမိသည့် တစ်ခုတည်းသော အဖြေက ကုသဆေးကို ဖော်ထုတ်နိုင်ဖို့ပင်။ ထို့အတွက် သူမက ယွဲ့ချင်းရွယ်ရဲ့ သုတေသန ဖြစ်စဉ်ကို ပြန်ကြည့်နေရသည်။
" သူမက ဘယ်သူလဲ ??" ကုရှောင်း ကစာအုပ်ကိုင်ကာ အတွေးထဲ နစ်မျောနေသော ချင်းပေအား ကြည့်ကာ မေးလိုက်သည်။ ခုံတန်းလျားပေါ်တွင် လှဲလျောင်းကာ
တစ်ဖက်တန်းပေါ်သို့ ခြေထောက်နှစ်ဖက်ကို ချိတ်လျက်တင်ထားပုံက အတော်လေး ပျင်းတိပျင်းရွဲ့နိုင်ပေသည်။ မိန်းကလေး အဝတ်အစားများ မဟုတ်ဘဲ ခပ်ကြီးကြီး အမျိုးသားဝတ်ကို ဝတ်ထားကာ သူမရဲ့ ကိုယ်သေးသေးလေးက အဝတ်ပုံထဲတွင် မြုပ်နေသလိုပင်။ စာအုပ်ကို အာရုံစိုက် ဖတ်နေပြီး တစ်ခါတစ်ရံ နူတ်ခမ်းကိုမဲ့ရွဲ့ကာ တစ်ခုခုကို မကျေမနပ်ရေရွတ်နေသေးသည် ။ ထိုကဲ့သို့ အပူအပင်ကင်းမဲ့လှသည့် မြင်ကွင်းက ယခုလို ပြေးလွှားတိုက်ခိုက်နေရသည့် ခေတ်တွင် မြင်ရခဲလှသည်။