ARC.3.19

2.1K 360 17
                                    

" ရှောင်ချုံး !!" ရွီရီဟန်က ပြုံးရင်း ဖန်ချုံး ထံသို့လျှောက်လာသည်။ ဖန်ချုံးက ကုသနေသည့် အလင်းတန်းအား ရုတ်သိမ်းကာ အခြားနေရာသို့ ရှောင်ထွက်သွားသည်။

" ရှောင်ချုံး ကိုယ့်ကို စိတ်ဆိုးနေတုန်းလား .. " ရွီရီဟန်က ဖန်ချုံးအနောက်သို့ လိုက်သွားကာ လမ်းကျဉ်းလေးထဲ အရောက်တွင် ပိတ်ရပ်လိုက်ကာ မေးလိုက်သည်။

ဖန်ချုံးက ရွီရီဟန်အား ကြည့်ကာ မကျေမနပ်ဖြစ်ဟန် နူတ်ခမ်းကို ကိုက်လိုက်သည်။ သူမက အနောက်သို့ လှည့်ထွက်ရန် ပြင်လိုက်သော်လည်း သူမလက်က ရွီရီဟန်၏ ဆွဲခြင်းကို ခံလိုက်ရသည်။

" ခေါင်းဆောင် ရွီ " ဖန်ချုံးက ရွီရီဟန်အား မျက်ရည်စများအပြည့်ဖြင့် ကြည့်လိုက်သည်။ ထိုမျက်ဝန်းကြောင့် ရွီရီဟန်က လန့်သွားကာ လက်ကို လွှတ်လိုက်သည်။ သူက ဖန်ချုံး၏ လက်မှ အနီစင်းကို တွေ့လိုက်သည်နှင့် စိတ်မကောင်းဖြစ်သွားသည်။

ဖန်ချုံးက သူမလက်ကို ပွတ်လိုက်ကာ " အခမ်းအနားက ဘယ်တော့လုပ်မှာလဲ "

ရွီရီဟန်က သူမမေးခွန်းကြောင့် အံ့အားသင့်သွားသည်။ သူမက စွမ်းရည် မငှားပေးချင်ဘူးမဟုတ်လား .. အစည်းအဝေးမှာ ပြောသွားတာက တကယ်ပြောတာဖြစ်ပြီး ဟန်ဆောင်တာ မဟုတ်ဘူးလား .. သူက ဖန်ချုံးကြောင့် အခမ်းအနားပွဲအား အချိန်ဆွဲထားသည်မှာ တစ်ပတ်ရှိနေပေပြီ..သူက အန်းချီ ၏ ခနခနတောင်းဆိုမှုကို ပယ်ချနေရသည်က ဒုက္ခများလှသည်။

" မင်းက အခမ်းအနားကို လုပ်ချင်ပြီလား "

" ဒါပေါ့ .. အဲ့ဒါမှ ကျွန်မ ဒီက ထွက်သွား..." ဖန်ချုံးက အလန့်တကြား သူမ ပါးစပ်ကို အုပ်လိုက်သော်လည်း ရွီရီဟန်က သေချာပေါက်ကြားလိုက်ရပေသည်။

သူက ဒေါသထွက်သွားကာ " ဘာပြောလိုက်တယ် .."

ဖန်ချုံးက ရွီရီဟန်အား ကြည့်ရင်း မျက်ရည်ကျလာကာ " ဟုတ်တယ် အခမ်းအနားပြီးရင် ဒီကနေ ထွက်သွားတော့မှာ " သူမက ရှိုက်ကြီးတငင်ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

" ဒီနေရာကို ဘယ်သူ့အတွက် လာခဲ့တာလဲ စဉ်းစားကြည့် .. အဲ့ဒီလူက ငါ့ကို ဂရုမစိုက်တော့မှတော့ ငါက မနေတော့ဘူး "

Valiant Professor Donde viven las historias. Descúbrelo ahora