[ Unicode ]
"ကျွန်တော့ကို စောက်ရူးမလုပ်နဲ့ ရှောင်းကျန့်!!! ခင်ဗျား..ခင်ဗျား...ကျွန်တော့ကိုချစ်လို့ပဲ ဒီအထိလိုက်လာတာမလား။ "
"မင်းကိုငါကချစ်လို့...ဟုတ်လား ? "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေပြေလေညင်းသွဲ့သွဲ့က ရထားတံခါးရဲ့အဖွင့်မှာ နုနုရွရွလေး သူ့ကိုလာကျီစယ်တယ်။ နဖူးပေါ်အလေအလွင့်ချထားခဲ့တဲ့ဆံနွယ်စတွေကို စနှောက်သိမ်းယူရင်းပေါ့။
ရထားပေါ်က ဆင်းဆင်းချင်း အောက်ခြေကိုငုံ့ကြည့်မိလိုက်တဲ့ သူ့မြင်ကွင်းထဲက ပြေလျော့လုနီးပါးဖြစ်နေတဲ့ဘွတ်ဖိနပ်ကြိုးလေး။ ခရီးဆောင်အိတ်ကို ဘေးနာချရင်း ဖိနပ်ကြိုးကို သူကဖြင့် ခပ်သွက်သွက်လေးပြန်ချည်လိုက်ပါသည်။
ထို့နောက် ခရီးမဆက်သေးတဲ့ ရထားကိုကျောမှီရင်း Japan နိုင်ငံ Fukui မြို့ရဲ့နွေဦးအလှကို တမေ့တမျောငေးကြည့်နေခဲ့သည်။ ရထားဆိုက်ချိန်မို့ လူသွားလူလာက ပုံမှန်ထက်ရှုပ်ထွေးရင်း ဘေးနား အဆာပြေစျေးရောင်းတဲ့ စျေးသည်တွေကလည်း စက်ဘီးသံကလင်ကလင်နဲ့ ကူးလူးသွားလာနေကြတယ်။
ရထားဘူတာရဲ့ တစ်ဖက်မှာတော့ လယ်ကွင်းပြင်စိမ်းစိမ်းနဲ့ အလေ့ကျပေါက်နေတဲ့ အမည်ဖော်မရသော ပေါက်ပန်းကျအပင်တွေဟာ လေအဝေ့နဲ့တယိမ်းယိမ်းထိုးယိမ်းနေသေး။
အပူရှိန်မပြင်းသေးတဲ့နေရောင်ကို ဂျစ်တိုက်စွာပဲအံတုမော့ကြည့်ကာ ကောင်လေးက သူ့မျက်လုံးတွေကိုစုံမှိတ်ချပစ်လိုက်တယ်။ အရာအားလုံးကို အမှောင်ချလိုက်တော့ ကောင်လေးရဲ့အကြားအာရုံက ပိုအားကောင်းလာပါတယ်။
စကားပြောသံတွေက တဝှီဝှီနဲ့ပိုကျယ်လောင်သွားသလို စျေးသည်တွေရဲ့စက်ဘီးသံ ကလင်ကလင်ကလည်း ဟိုဘက်ကရောက်လာလိုက် ဒီဘက်ကရောက်လာလိုက်နဲ့ပေါ့။
မကြာပါဘူး။ ဥသြဆွဲလာတဲ့အသံက ကျောမှီရပ်ထားတဲ့ ကောင်လေးရဲ့နောက်ကျော ရထားဆီမှ ကျယ်ကျယ်လောင်လောင်ပဲထွက်ပေါ်ခဲ့တော့တယ်။ တစ်ဆက်ထဲမှာဘဲ ကလင်ကလင်ဆိုတဲ့စက်ဘီးသံ သေးသေးလေးကို ရုတ်တရက် နားဖျားဝကနေ မပီမသလေးကြားလိုက်ရပြန်ရော။
ВЫ ЧИТАЕТЕ
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Фанфик"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။