[ Unicode ]ကော်ဖီဖျော်စက်ကို ခလုတ်နှိပ်ဖွင့်ရင်း ဖုန်းကိုတော့ ရှောင်းကျန့်က သူ့ပခုံးနဲ့နားကြားမှာညှပ်ကာ ခွက်နှစ်ခွက်ကိုစင်ပေါ်ကနေ လှမ်းယူလိုက်သည်။
"ကျွန်တော် မနက်ဖြန်တစ်ရက်ပါ ခွင့်ယူလို့ရမလား။ "
ခုနစ်နာရီကျော်နေပြီဖြစ်တဲ့ နွေဦးမနက်ခင်းက မှန်နဲ့ကာထားတဲ့ ပြတင်းပေါက်ကတစ်ဆင့် နွေးနွေးလေးပက်ဖြန်းနေတယ်။
"မနေ့က လှဲလိုက်တာ ခြေချင်းဝတ်ယောင်ပြီး မထောက်နိုင်ဘူးဖြစ်သွားတယ်။ စနေ တနင်္ဂနွေနှစ်ရက်ထဲနဲ့ ကျွန်တော့ခြေထောက်က လုံးဝပြန်မကောင်းနိုင်လို့ မနက်ဖြန်တစ်ရက်လောက်ပါ ခွင့်ယူချင်တာ။ "
ဖျော်ပြီးသွားတဲ့ကော်ဖီကို ခွက်နှစ်ခွက်ထဲ အညီအမျှထည့်ပြီး ဖုန်းပြောလျက်နဲ့ ရှောင်းကျန့်က စားပွဲခုံရှည်ဘက် လှည့်လိုက်သည်။
မျက်နှာချင်းဆိုင်မှာ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ကောင်လေးက မတ်တပ်ရပ်လျက်ကြောင်စီစီလေး ငေးကြည့်နေတဲ့ပုံနဲ့ တန်းတိုးတယ်။ ရှောင်းကျန့် မျက်ခုံးတစ်ဖက်ကိုပင့်ပြရင်း ရယ်ပြလိုက်သည်။
"အိပ်ကောင်းရဲ့လား။ မနက်စာအတွက်တော့ ဖုန်းဆက်ပြီးမှာထားတာမို့ အခုတော့ ကော်ဖီသောက်ထားနှင့်။ "
"ဘယ်သူနဲ့ပြောနေတာလဲ။ "
"ဟင် ? "
ကော်ဖီခွက်လှမ်းပေးရင်း ရုတ်တရက်ရှောင်းကျန့်က ဘာပြန်ဖြေရမှန်းတောင်မသိဘူး။
"ဆောရီး။ ကျွန်တော် စည်းကျော်မိသွားပြီထင်တယ်။ အဆင်မပြေရင် မဖြေပါနဲ့။ ဒီအတိုင်း မေးလိုက်တာမို့ ခင်ဗျား..."
"အလုပ်ရှင်ကိုဆက်တာ။ "
အလိမ်အညာအရောင်အဆောင်တွေမပါတဲ့ ဒီလောကရဲ့ အဖြူစင်ဆုံးအပြုံးပါလို့ဆိုရလောက်တဲ့အပြုံးမျိုးနဲ့ ပြန်ဖြေလာတဲ့အဖြေ။ ရှောင်းကျန့်က ကောင်လေးရဲ့စကားမဆုံးခင် အရင်ဦးအောင်ဖြေပေးခဲ့တယ်။ အဲ့ဒီလိုမေးခွန်းမျိုးကို သူက စည်းကျော်တယ်လို့မတွေးထားတာဖြစ်နိုင်တယ်။
CITEȘTI
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfiction"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။