[Unicode]
' ခင်ဗျားအပြင်ထွက်မလာနဲ့။ ချောင်းလည်းမကြည့်ရဘူး။ '
ဒီစကားလေးနဲ့ ဝမ်ရိပေါ်ကအိမ်ရှေ့မြေကွက်လပ်လေးမှာ စက်ဘီးကိုယူထုတ်ပြီး မှုတ်ဆေးသုံးဘူးနဲ့ အလုပ်ရှုပ်နေတယ်။
ရှောင်းကျန့်ကတော့ အမြဲတမ်းအပြုံးတစ်ခုနဲ့ ကောင်လေးရဲ့စကားကို လိုက်လျောနားထောင်ပေးတာချည်းပါပဲ။ အိမ်ထဲကနေ လုံးဝကိုထွက်မလာသလို မှန်ပြတင်းပေါက်နားကိုတောင် ကပ်မလာဘူး။
မှုတ်ဆေးဘူးကို လှုပ်ခါရမ်းရင်း ဝမ်ရိပေါ်ကစက်ဘီးလေးကို သူ့စိတ်ကြိုက်အရောင်ခြယ်သမှုပြုလိုက်တယ်။
အိမ်တံခါးပေါက်ဝ ဘယ်ဘက်ဘေးက လူနှစ်ယောက်ထိုင်စာဒန်းလေးကတော့ နွေဦးရဲ့လေညင်းနဲ့ တကျီကျီလှုပ်နေသည်။ ညာဘက်က ပန်းအိုးတန်းလေးကလည်း စည်းချက်ညီတယ်။
စက်ဘီးချထားတဲ့ မြက်ခင်းစိမ်းမှာတော့ ဆေးရောင်တွေ စွန်းထင်းကုန်ပြီ။ ကောင်လေးကတော့ ဒါကိုဂရုစိုက်ဟန်တောင်မရှိ။ သူ့အင်္ကျီမှာပေကျံနေတာတွေလည်း ပြဿနာမဟုတ်။
မိနစ်နှစ်ဆယ်ကြာချိန်မှာတော့ စက်ဘီးအရောင်ခြယ်မှု စိတ်တိုင်းကျဖြစ်သွားခဲ့ပါသည်။
ခါးဆန့်အညောင်းဖြေရင်း ဝမ်ရိပေါ်ဟာ ဆေးဘူးတွေကို မြေပြင်ပေါ် ဖြစ်ကတတ်ဆန်းပဲ ပစ်ချလိုက်တယ်။ ထို့နောက် အိမ်ထဲလှမ်းကြည့်ရင်း ကျေကျေနပ်နပ်ပြုံးမိတယ်။ ရှောင်းကျန့်သဘောကျတယ် မကျတယ်ဆိုတာထက် သူလုပ်ချင်တာလုပ်လိုက်ရလို့ ပိုကျေနပ်တာမျိုး။
"ခင်ဗျား ထွက်လာလို့ရပြီ။ ကျွန်တော်ပြောတာကြားလား။ "
အိမ်ရှေ့ကနေ အော်ခေါ်လာတဲ့အသံလေးကြောင့် ရှောင်းကျန့်ကတော့ ကြည့်လက်စတီဗီကိုတန်းခနဲပိတ်ချလိုက်သည်။ ပြီးတော့ သူအသင့်ဖျော်ထားခဲ့တဲ့ လိမ္မော်ရည်ခွက်ကို ကောက်ကိုင်ကာ ရေခဲသေတ္တာဆီအမြန်ပြေးရင်း ရေခဲသုံးတုံးလောက် စွက်ခနဲထည့်သည်။
"ဟေးးးးခင်ဗျားထွက်လာလို့ရပြီလို့!!! "
နောက်ခေါက်ထွက်လာတဲ့ စိတ်မရှည်ဟန်အသံလေး။ ရေခဲသေတ္တာကိုပြန်ပိတ်ရင်း ရှောင်းကျန့်က ရယ်လျက်နဲ့ ပြန်အော်တယ်။
VOCÊ ESTÁ LENDO
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfic"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။