[Unicode]ပေကျင်းရဲ့ အချက်ချာကျတဲ့မြို့လယ်မှာ ပေပေါင်းများစွာ ထိုးထွက်နေအောင်တည်ဆောက်ထားတဲ့ ကုန်တိုက်စင်တာတစ်ခုရှိတယ်။ ပေကျင်းရဲ့ရှိသမျှကုန်တိုက်တွေထဲ အမြင့်မားဆုံးနဲ့ အဆင့်မြင့်ဆုံးတစ်ခုပဲ။ စီးပွားရေးနယ်ပယ်ထဲမှာတော့ နိုင်ငံခြားဖြစ်ပစ္စည်း အပေါများဆုံးနဲ့ ရင်းနှီးမြှုပ်နှံမှုအားအကောင်းဆုံးပေါ့။
ဒါပေမဲ့ မင်္ဂလာခန်းဝင်ပစ္စည်းအတွက်လိုအပ်တာတွေ ဝယ်ယူဖို့လုပ်တုန်းက ကျွင်းဖေးနဲ့ရှောင်းရှီးရင်က အဲ့ဒီကုန်တိုက်ကိုမရွေးချယ်ခဲ့ကြဘူး။ ဒီလိုပါပဲ လူတွေဟာ ကိုယ်နဲ့ရင်းနှီးဆက်နွယ်တာတွေဆိုရင် ငြီးငွေ့တတ်ကြတာပဲမလား။
ပေကျင်းရဲ့ ဒီကနေ့ မိုးဦးကာလအစ လေညင်းဟာ မနက်ခင်းစောစောမှာ အေးစက်စက်ပျံ့နှံ့တယ်။ ဝမ်ရိပေါ်က အလုပ်မသွားရသေးပဲ အဲ့ဒီအမြင့်ဆုံးကုန်တိုက်ရဲ့ ထိပ်ဆုံးအထပ်မှာ ထိုင်နေရင်း ကော်ဖီဖျော်တာကို ထိုင်ကြည့်နေရတယ်။
ရှောင်းရှီးရင်က မနက်အစောကြီး ရောက်ချလာပြီး ကော်ဖီတိုက်ချင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့ ဒီကိုခေါ်လာခဲ့တာဖြစ်တယ်။ ပြီးတော့ လူတိုင်းသိထားကြတဲ့ သူမရဲ့ကိုယ်ပိုင်ကော်ဖီဆိုင်ခန်းလေးထဲမှာ ဝန်ထမ်းဝတ်စုံလဲပြီး ဝမ်ရိပေါ်အတွက် ကော်ဖီဖျော်ပေးနေတယ်။
ဆိုင်ခန်းကအမြင့်ဆုံးအထပ်မှာရှိထားပြီး အသိုင်းဝိုင်းကြီးထဲကလူတွေသာ သောက်နိုင်တဲ့ ကော်ဖီတစ်ခွက်။ အဲ့ဒီ ကော်ဖီတစ်ခွက်စာက သာမာန်လူလတ်တန်းစားတွေရဲ့ သုံးရက်တာ အသုံးစရိတ်လောက်ရှိချင်လဲရှိလိမ့်မယ်။
ဝန်ထမ်းတွေက တစ်ချက်တစ်ချက် ဝမ်ရိပေါ်ကို လှမ်းကြည့်နေကြတယ်။ သူတို့သူဌေးရှောင်းရှီးရင်က ဒါပထမဆုံးအနေနဲ့ သူနဲ့လက်ဆက်မဲ့သူကို ဆိုင်ကိုခေါ်လာခြင်းပဲ။
ရှောင်းမိသားစုနဲ့ ဝမ်မိသားစုရဲ့ ပေါင်းစည်းမဲ့သတင်းဟာ တစ်ပြည်လုံးကိုပျံ့နေပြီမို့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ အားနေရင် အားကျစရာစကားလုံးတွေအဖြစ်ပြောစရာဖြစ်နေတတ်တယ်။
YOU ARE READING
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfiction"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။