အပိုင်း ၁၉

722 97 3
                                    


[Unicode]

စကိတ်ဘုတ်အနက်လေးကိုင်လို့ ဝမ်ရိပေါ်က ဆူပုတ်ပုတ်ဖြစ်ကာ ရေခဲမုန့်တွေကို ရွေးနေတယ်။ ရပ်ကွက်အသေးလေးထဲက စတိုးဆိုင်ပေါက်စမို့ ရေခဲမုန့်တွေက သိပ်အမျိုးစားမစုံဘူး။ ဆိုင်ရှင်ကတော့ မနက်ဖြန်မှပစ္စည်းပို့လာမှာကြောင်း စပ်ဖြီးဖြီးနဲ့ပြောတယ်။

"ဒူးရင်းသီးပဲစားချင်တာ! ဘာလို့ တစ်ခုလေးတောင်မရှိတော့တာလဲ? "

မျက်မှောင်ကျုံ့ပြီး နှုတ်ခမ်းကိုမကျေမနပ်ထော်ထားတဲ့ ဝမ်ရိပေါ်ကိုကြည့်လို့ ရှောင်းကျန့်က တိတ်တိတ်လေး သဘောကျတယ်။ ရေခဲသေတ္တာဘေး အတူရပ်ထားကြတာမို့ ဘေးတိုက်မြင်နေရတဲ့ ဝမ်ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးကိုပါ သေချာတွေ့ရတယ်။ ရှောင်းကျန့်က လက်ပိုက်ရပ်ထားရင်း ဒီအတိုင်းရယ်ချလိုက်ချင်တဲ့ သူ့စိတ်ကိုထိန်းမရဘူး။

ငှက်ခါးပြာဘောင်းဘီအပွနဲ့ အတွင်းရှပ်အဖြူပေါ်မှာ အပြာနုရောင်စင်းကြားအင်္ကျီထပ်ဝတ်ထားတဲ့ ဝမ်ရိပေါ်ပုံစံက သိပ်ပေါ့ပါးလွန်းတဲ့ ငှက်မွေးလေးလိုမျိုး။ သူ့ခေါင်းပေါ်က ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ ဆံပင်နုနုလေးတွေကြောင့်လဲပါမှာပေါ့။ အဲ့တာတွေကိုက ကလေးလေးလို ထင်မိသွားစေတာ။

"အခုတော့ စတော်ဘယ်ရီပဲစားလိုက်လေ။ နောက်တစ်ခေါက်မှ မြို့ထဲထွက်ရင်း မင်းကြိုက်တဲ့ဒူးရင်းသီးရေခဲမုန့်တွေအများကြီးဝယ်ပေးမယ်။ "

"စတော်ဘယ်ရီတွေပဲကျန်နေတာကို ဒါပဲယူရတော့မှာပေါ့။ ခင်ဗျားကရော စတော်ဘယ်ရီကြိုက်လို့လား။ "

"ငါက ဘာဖြစ်ဖြစ်ရတယ်။ အဓိကက ရထားပေါ်ကကောင်လေး ရေခဲမုန့်စားချင်လို့သာ ဒီဆိုင်ထဲဝင်လာတာမဟုတ်ဘူးလား။ "

ဝမ်ရိပေါ်က သက်ပြင်းချလို့ အမြဲပြုံးနေနိုင်တဲ့ ရှောင်းကျန့်ကိုကြည့်တယ်။ ဒီလူနဲ့ဆို သူက ဘာလို့ ကလေးထိန်းခံရသလိုကြီးခံစားသွားရတာလဲ မစဥ်းစားတတ်ဘူး။ လက်လေးပိုက်လို့ လူကြီးဆန်ဆန်ပုံစံနဲ့ သူ့ဘေးနားရပ်စောင့်နေတဲ့ ရှောင်းကျန့်ကို ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီးတာနဲ့ ပြောလိုက်တော့တယ်။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Donde viven las historias. Descúbrelo ahora