အပိုင်း ၂၁

959 107 11
                                    


[Unicode]

ဂျပန်စာလေးတွေထည့်ရေးပြီး Fukui ကိုပို့ခဲ့တဲ့စာလေးတစ်စောင်ရှိတယ်။ လက်ရေးလက်သားက အတော်လေးထိန်းယူထားရတဲ့ အနေအထားနဲ့ စာကြောင်းတည်ဆောက်ပုံ အရေးအသားတွေဟာ မှန်မှန်ကန်ကန်ရှိနေပါ့မလား မသေချာဘူး။ ပြီးတော့ အဲ့ဒီစာလေးက ခင်ဗျားလို့သာအမည်တပ်ခေါ်ခဲ့တဲ့လူတစ်ယောက်ဆီ ရောက်ရောရောက်ပါ့မလား။

မင်္ဂလာခန်းဝင်ပစ္စည်းဝယ်ဖို့ မဖြစ်မြောက်လိုက်ကတည်းက ရှောင်းရှီးရင်နဲ့ ပြန်မတွေ့ဖြစ်ကြတာ သုံးလေးရက်လောက်ရှိနေပြီ။ အဲ့ဒီရက်အတွင်း ဝမ်ရိပေါ်က ဂျပန်စာရေးတတ်ရုံလောက်လေ့ကျင့်ပြီး သူ့ရဲ့နောက်ဆုံးစာကို ရှောင်းကျန့်ဆီ ပိုခဲ့လိုက်တယ်။ သူရေးခဲ့သမျှစာတွေထဲ ဒီစာကအရှည်ဆုံးနဲ့ သူ့ခံစားချက်တွေအကုန်လုံးကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ စာတစ်စောင်ဖြစ်တယ်။

ပြီးတော့ ဒါကနောက်ဆုံးပဲ။ ဖြေဆိုသူမရှိတဲ့နံပါတ်ကို ထပ်ပြီးဆက်သွယ်တော့မှာမဟုတ်သလို စာတွေလဲဘယ်တော့မှ ပို့မှာမဟုတ်တော့ဘူး။

အရာအားလုံးကို လက်ခံလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ဒီညတွေထဲ ဝမ်ရိပေါ်က အိပ်မက်တွေ ဆိုက်တိုက်မက်တယ်။ ခပ်ကြီးကြီးယုန်သွားနှစ်ချောင်းနဲ့ အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး အလှဆုံးပြုံးနေတတ်တဲ့မျက်နှာသွယ်လေးကိုပေါ့။ ဒါပေမဲ့ စတင်ပြီးတွေးမိလာရတာက ရှောင်းကျန့်နဲ့ပတ်သတ်တဲ့ အမှတ်တရတွေ၊ခံစားချက်တွေအကုန် ပျောက်ကွယ်သင့်ပြီလို့။ အဲ့ဒီလိုတွေးလိုက်တိုင်း သူ့ရင်ဘတ်ထဲတော့ အစိတ်စိတ်အမွှာမွှာကြေမွသွားသလိုမျိုး အဆိပ်တက်တယ်။

နောက်နှစ်ရက်လောက်ဆို အသိုင်းဝိုင်းကြီးနှစ်ခုရဲ့ မင်္ဂလာသတင်းက တစ်နိုင်ငံလုံးဆီပျံ့နှံ့လိမ့်မယ်။ ဝမ်ရိပေါ်ကတော့ ပိုပြီးတိတ်ဆိတ်လာတယ်။ နေ့စဥ်အလုပ်တွေလုပ်နေခဲ့တဲ့သူ့ပုံရိပ်က စက်ရုပ်တစ်ရုပ်လိုဖြစ်နေခဲ့ရင်း မလိုအပ်တဲ့စကားတစ်ခွန်းလေးတောင် သူ့နှုတ်ကမထွက်ဘူး။ ရှောင်းရှီးရင်ဆီကတော့ ခပ်တိုတိုစာလေးတွေ လေးငါးခါလောက်ရတယ်။ သူမဟာ အဲ့ဒီနေ့က မဟုတ်တာလေးနဲ့ စိတ်ဆတ်မိခဲ့ပါတယ်ဆိုတဲ့ တောင်းပန်စာတွေ။ ရပါတယ်ဆိုတဲ့ပြန်စာတစ်ကြာင်းကလွဲပြီး ဝမ်ရိပေါ်ကမပို့ဖြစ်ဘူး။ သူတို့ရဲ့ခန်းဝင်ပစ္စည်းဝယ်ဖို့ကတော့ မင်္ဂလာသတင်းကြေညာပြီးမှ အေးအေးဆေးဆေးဝယ်ဖို့ ဖြစ်သွားခဲ့တယ်။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Tempat cerita menjadi hidup. Temukan sekarang