[ Unicode ]
အနက်ရောင်ရှပ်လက်တိုလေးကို အညိုဖျော့ရောင်ဒူးဖုံးဘောင်းဘီတိုပွပွနဲ့တွဲဝတ်ထားပြီး လျှာထိုးဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းထားသည့် လူငယ်လေးရဲ့ပုံစံ။ ဘွတ်ဖိနပ်အဖြူထဲကနေ ခြေချင်းဝတ်အပေါ်ထိရောက်နေတဲ့ ခြေအိတ်အနက်လေးက ကောင်လေးရဲ့ရဲတဲတဲခြေသလုံးလေးနဲ့ ချစ်စရာကောင်းစွာလိုက်ဖက်သည်။
အိမ်ရှေ့မှာချထားတဲ့ စက်ဘီးကို လက်တစ်ဖက်တည်းနဲ့ ထောက်ကိုင်ထားတဲ့ ကောင်လေးကို အသေအချာကြည့်ရင်း ရှောင်းကျန့်က ခေါင်းကို ဘယ်ဘက်ဆီသို့ ဇတ်ခနဲယိမ်းချပြလိုက်တယ်။ ထို့နောက် အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး သဘောတကျနဲ့ကိုရယ်သည်။
"ဘာလို့လဲ။ "
ရှောင်းကျန့် သူ့ကိုယ်သူသာ လက်ညိုးပြန်ထိုးပြတယ်။
သူဝတ်စားထားပုံက ဝမ်ရိပေါ်နဲ့သိပ်ကိုဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ။ အဖြူရောင်ရှပ်ပေါ်မှာကိုမှ အပြာနုရောင်စင်းလေးတွေနဲ့ လည်ပင်းထိကြယ်သီးအပြည့်တပ်ထားတဲ့ လူကြီးဆန်ဆန်လက်ရှည်အင်္ကျီ။ စတိုင်လ်ပင်အနက်ကလည်း မီးကြွေနိုင်နိုင်ပိပြားလို့။ ရှူးဖိနပ်အနက်လေးကအစ လူကိုတည်ငြိမ်တဲ့အသွင်ဖြစ်နေစေတာ။
အခု သူတို့နှစ်ယောက်ကိုသာတွဲယှဥ်ကြည့်ရင် ဦးလေးက အထက်တန်းကျောင်းသားကို ကျူရှင်လိုက်ပို့မဲ့ပုံစံမျိုးဖြစ်နေလိမ့်မည်။
ရှောင်းကျန့်ဟာ သူ့ရဲ့သေသေသပ်သပ်ဖြီးထားတဲ့ဆံပင်ကို လက်နဲ့ပြန်သပ်ရင်း ဝမ်ရိပေါ်ရှေ့ ခြေစုံရပ်လိုက်သည်။
"ဧည့်သည်တစ်ယောက်နဲ့ ပထမဆုံးအပြင်ထွက်ရမှာမို့ ငါကအများကြီးပြင်ဆင်ထားတာလေ။ ရထားပေါ်ကကောင်လေးကတော့ သိပ်ကိုပေါ့ပါးလွန်းနေတာပဲ။ "
"ခင်ဗျားကျွန်တော့ကို ဧည့်သည်လိုသဘောထားနေသေးတာလား။ ဒါဆို ကျွန်တော်ကတော့ အဲ့လိုသဘောမထားလို့ ပုံမှန်ပဲပြင်ဆင်လာတာလို့ဖြေမယ်။ "
"ဟားဟား...မင်းနိုင်ပါတယ် မင်းနိုင်ပါတယ်။ "
လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲနှိုက်ရင်း လက်တစ်ဖက်ကတော့ နဖူးပေါ်ပွတ်သပ်ကာရယ်နေတဲ့ ရှောင်းကျန့်။ ဝမ်ရိပေါ်က ဘာမှပြန်မပြောမိဘဲ ဒီအတိုင်းကြည့်နေပစ်တယ်။ သူ့မှာ နောက်ထပ်စကားတွေ မပြောထွက်ချင်လောက်အောင်ဖြစ်နေတာ။
VOCÊ ESTÁ LENDO
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfic"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။