အပိုင်း ၁၀

970 143 6
                                    

[Unicode]

ရပ်ကွက်ထဲကလမ်းပေါ်ထက် ဟိုဘက်ဒီဘက်အသွားအပြန်လုပ်ပြီး စကိတ်စီးနေသော ကောင်လေးကို ရှောင်းကျန့်က လက်ပိုက်ကာမတ်တပ်ရပ်စောင့်ကြည့်နေရသည်။

အချိန်က ညဘက်ကိုးနာရီတောင်ရှိနေပြီမို့ ရပ်ကွက်အသေးစားလေးထဲ လူသွားလူလာက အတော်ပါးသွားပြီ။

ဝမ်ရိပေါ်ရဲ့စကိတ်စီးတဲ့အသံဟာလည်း ကတ္တရာခင်းနဲ့ထိတဲ့အခါ တဒေါက်ဒေါက်မြည်နေရင်း လမ်းကြားလေးတစ်ခုထဲ စည်းချက်ညီစွာထွက်ပေါ်နေတယ်။

ရှောင်းကျန့်က စကိတ်စီးတာကိုစိတ်မဝင်စားဘူးဆိုပေမဲ့ တစ်ခါတစ်ခါ လေထဲမြောက်သွားအောင်စီးနေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်း ပျော်ဖို့ကောင်းမယ်လို့ တွေးမိတာတော့အမှန်ပဲ။

နွေညရဲ့ လေအေးအေးက သွဲ့သွဲ့ညင်းညင်းမှ ပြင်းထန်ထန်သို့။

လွတ်လွတ်လပ်လပ်ဖြစ်စေဖို့ အင်္ကျီအပါးလေးသာဝတ်လာတဲ့ ရှောင်းကျန့်က အဲ့ဒီအေးစက်မှုအရသာကိုခံစားလာရသည်။ တစ်ချိန်လုံး မလှုပ်မရှားနဲ့ မတ်တပ်ရပ်ကြည့်နေခဲ့ရတာမဟုတ်လား။

ကောင်လေးကတော့ ရှောင်းကျန့်ရှေ့ကနေ ဖြတ်သွားဖြတ်လာလုပ်ရင်း စကိတ်စီးရတာကို တော်တော်သဘောကျနေပုံပဲ။

ရှောင်းကျန့် သူ့လက်ကနာရီကိုထုတ်ကြည့်ရင်း နောက်ထပ်ဆယ့်ငါးမိနစ်လောက်ဆို ကောင်လေးကို အိမ်ပြန်ဖို့ခေါ်ရတော့မယ်လို့ တွေးထားတယ်။ ကောင်းကင်ကို မော့ကြည့်မိတော့လည်း လေပြင်းက တဝေ့ဝေ့နဲ့ ရာသီဥတုကသိပ်မဟန်ဘူးဖြစ်နေတယ်လေ။

"ဟူးးး "

မျက်နှာမှာချွေးတွေအစက်လိုက်နဲ့ ဝမ်ရိပေါ်က မောမောပန်းပန်းအသက်ရှူထုတ်ကာ ရှောင်းကျန့်ရှေ့ ဇတ်ခနဲလာရပ်သည်။

ဒီအတိုင်းရပ်စောင့်နေရတဲ့ ရှောင်းကျန့်ကသာလေအေးတွေနဲ့ ချမ်းသလိုဖြစ်နေရတာ တစ်ချိန်လုံးလှုပ်ရှားနေတဲ့ဝမ်ရိပေါ်ကတော့ နွေညရဲ့လေအေးကို အေးတယ်လို့ခံစားရမှာမဟုတ်ဘူးပေါ့။

"ခင်ဗျား မပျင်းဘူးလား။ တစ်ခေါက်လောက် စမ်းစီးကြည့်လေ။ "

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Место, где живут истории. Откройте их для себя