[Unicode][ မင်္ဂလာကိစ္စက သေချာနေပြီ။ နောက်တစ်ပတ်အတွင်း သတင်းတွေမှာပါလာလိမ့်မယ်။ ]
အလုပ်ကပြန်ရောက်ရောက်ချင်း သူဌေးရှောင်းဟန်ရှို့က သူ့ရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲဝင်လို့ ဖုန်းပြောနေတယ်။ တစ်ဖက်က ဘာတွေပြောလာလဲမသိ။ သူ့ရဲ့ မျက်ခုံးတွေက ပင့်တင်သွားပြီး စားပွဲပေါ်တဒေါက်ဒေါက်ခေါက်နေတဲ့ ဘောပင်ကို စိတ်မရှည်စွာပစ်ချလိုက်တယ်။
[ တကယ်လို့ သေချာတယ် မသေချာဘူးဆိုရင်တောင် မင်းအတွက် သိပ်ခက်ခဲစရာကိစ္စဖြစ်စရာလား။ ခဏတဖြုတ်လေးလာတွေ့ဖို့ကို အရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့။ ]
[ ငါမျက်နှာပူစရာတွေ မဖြစ်ချင်ဘူး။ နောက်တစ်ပတ်အတွင်းရောက်အောင်လာခဲ့။ ဒီမှာစီစဥ်စရာတွေအပြည့်ပဲ။ ]
ဒီအေးစက်စက်မထုံသက်ထေး ပြန်ပြောနားမထောင်ကြောင့် သူဌေးရှောင်းဟာ သိပ်စိတ်ရှုပ်ရတယ်။ ပစ်ထားမကောင်း ဆွဲတင်မကောင်းနဲ့ ဘယ်လိုနေရာချပေးရမလဲဆိုတာ သူ့အနေနဲ့ တကယ်ကို အတွေးများရတုန်း။ လက်ရှိတွေးမိပုံအရဆိုရင်တော့ သူဌေးရှောင်းဟာ ဒီတစ်ခေါက်တွေ့ရတာနဲ့ တစ်ခါတည်း သူတို့မိသားစုရဲ့အမွေစားအမွေခံကို သူ မသေခင်မှာ အပြီးပြတ်လွဲပြောင်းခွဲဝေပေးဖို့ ရှေ့နေတွေနဲ့လုပ်တော့မှာဖြစ်တယ်။
သူဌေးရှောင်းဟန်ရှို့ဟာ စိတ်အိုက်အိုက်နဲ့ သူ့ရဲ့အပေါ်ကုတ်အင်္ကျီကိုချွတ်လို့ ထိုင်ခုံပေါ်ပစ်တင်ပြီးတာနဲ့ ဖန်ကရားထဲထည့်ထားတဲ့ရေကို ရေခွက်ထဲငှဲ့ချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ တံခါးခေါက်သံနဲ့အတူ ဝင်လာတဲ့သူက ကျွင်းဖေး။
သူမက လက်ထဲမှာ ကော်ဖီဗန်းကိုကိုင်းရင်း ချိုင်းကြားမှာတော့ ပိုက်ဆံအိတ်ခပ်ကြီးကြီးကို ညှပ်ထားတယ်။ ပြီးတော့ ဒီကနေ့ သူမရဲ့ဝတ်စားထားပုံက တောက်တောက်ပြောင်ပြောင်နဲ့ လူအထင်ကြီးလောက်စရာဖြစ်နေတယ်။
"ရေအများကြီးမသောက်ပါနဲ့ဦး။ ကျွန်မ ရှင့်အတွက် ကော်ဖီယူလာတယ်။ "
အပြောကချိုချို အပြုံးကနုနုနဲ့ အသက်အရွယ်ရနေတာတောင် သူမရုပ်ရည်က အမောပြေစရာဖြစ်ရလောက်အောင် နူးညံ့ပြေပြစ်တဲ့အနေအထား။ သူဌေးရှောင်းက သူ့မိန်းမရဲ့အပြင်အဆင်ကိုသေချာကြည့်ရင်း ကမ်းပေးလာတဲ့ ကော်ဖီခွက်ကို တစ်ငုံယူသောက်ကြည့်တယ်။
أنت تقرأ
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
أدب الهواة"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။