[ Unicode ]
အိမ်ပြန်ရောက်ချိန်ဟာ ညခြောက်နာရီကျော်နေပြီ။ တစ်လမ်းလုံး ဝမ်ရိပေါ်ရဲ့ညာဘက်ပခုံးထက် မေးတင်ပြီးလိုက်လာတဲ့ရှောင်းကျန့်က ဘာကြောင့်မှန်းရယ်မသိ အနည်းငယ်ချွဲချင်နေပုံရတယ်လို့ ရိပေါ်က တစ်ဖက်သက်တွေးမိတယ်။ ဘာလို့ဆို သူ့ခါးကိုဖက်ထားတဲ့ ရှောင်းကျန့်ရဲ့လက်တွေက အရမ်းကိုတင်းကြပ်နေခဲ့ပြီး တစ်ခါတစ်ခါဖွဖွလေးလဲ ညစ်နေခဲ့သေးတာ။
ခြံတံခါးဝရဲ့ဘေးမှာကပ်လျက်ရှိတဲ့ လမ်းဘေးမီးတိုင်အရောင်ဖျော့ဖျော့လေးက တာဝန်အတိုင်း ညအမှောင်ကိုအလင်းကူထားပြီ။ ခြံဝင်းကျဥ်းကျဥ်းထဲ ဝမ်ရိပေါ်ရဲ့ဆိုင်ကယ်က အနည်းငယ်အထုတ်အသွင်းခက်တော့ ရှောင်းကျန့်ကို ခြံဝမှာဆင်းခိုင်းရပြီး သူတစ်ယောက်ထဲစီးဝင်တယ်။
ဆိုင်ကယ်ပေါ်ကဆင်းပြီးတာနဲ့ ဝမ်ရိပေါ်ဟာ သူဝယ်လာတဲ့ နှစ်ပတ်စာ စားသောက်ကုန်အထုတ်ကြီးကို ဆွဲချတယ်။ အခုထိရောက်မလာသေးတဲ့ ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တော့ ခြံတံခါးသော့ခတ်နေတဲ့ ကျောပြင်လေးက လှုပ်တုတ်လှုပ်တုတ်နဲ့။
ထို့နောက် အလိုလိုအကြည့်ရောက်သွားမိတဲ့ အိမ်တံခါးပေါက်ဝ ညာဘက်ခြမ်းက ပန်းအိုးတွေချိတ်ထားတဲ့တန်းအောက် ဒေါက်ထောက်ရပ်ထားတဲ့ အရောင်သုံးမျိုးစပ်စက်ဘီးလေး။
ဒီရက်တွေထဲ ရှောင်းကျန့်စက်ဘီးကောင်းကောင်းစီးသွားနိုင်ဖို့ကလွဲပြီး ဘာကမှအရေးမကြီးတော့ဘူးလို့ ဝမ်ရိပေါ်ကမှတ်လိုက်တယ်။ နောက်ပြီး သူဆေးခြယ်ထားတဲ့စက်ဘီးနဲ့ ရှောင်းကျန့်က သိပ်ချစ်ဖို့ကောင်းနေဦးမှာပါ။
မနက်ဆို လွယ်နေကျဆင်စွယ်ရောင်ဘေးလွယ်အိတ်တစ်လုံးနဲ့ ရှောင်းကျန့်က သူ့ရဲ့အချိန်ပိုင်းအလုပ်ဆီ စက်ဘီးကိုအလောတကြီးစီးပြီးသွားလိမ့်မယ်။ လယ်ကွင်းပြင်တွေရဲ့အလှကိုတောင် ခံစားနိုင်တော့မှာမဟုတ်ဘူး။ နေရောင်အရမ်းကြီးမပြင်းခင် ဒီလယ်ကွင်းတွေကိုကျော်ဖြတ်နိုင်မှဖြစ်မယ်။ ဒါပေမဲ့လည်း အလုပ်ဆင်းရင်တော့ နေရောင်ကိုတဝကြီးခံစားရမှာပဲ။ နေ့လည်နှစ်နာရီအချိန်ဆိုတာ တကယ်ကိုနေပူတဲ့အချိန်မလား။ ရှောင်းကျန့်မှာ အိမ်ပြန်ဖော်လေးလဲမရှိတော့သလို ပေါက်ပေါက်ရှာရှာတွေလုပ်စရာလဲမလိုတော့ဘူး။ အရာအားလုံးဟာ Fukui ကိုရောက်မလာသေးတဲ့ ရထားပေါ်ကကောင်လေးတစ်ယောက်မရှိခင်ကအတိုင်း ပြန်ပြီးလည်ပတ်သွားမှာဖြစ်တယ်။
ESTÁS LEYENDO
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfic"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။