[ Unicode ]
ထမင်းစားခန်းဘက်လို့ဆိုရမဲ့နေရာမှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ကော်ဖီတစ်ခွက်စီနဲ့ နေညို့လာတဲ့အချိန်ကို ပြတင်းပေါက်ကနေ လှမ်းကြည့်နေခဲ့ကြတယ်။ စားပွဲခုံရှည်ပေါ်မှာ အရာမယွင်းသေးတဲ့ သစ်သီးပန်းကန်ကတော့ အခုထိရှိနေတုန်းပဲ။ ပြီးတော့ အငွေ့တထောင်းထောင်းထနေခဲ့တဲ့ ဟင်းရည်အိုးဟာလည်း အေးစက်နေပြီ။
တစ်နေ့လုံးစာကို ရှောင်းကျန့်ရဲ့အိမ်မှာပဲ ကောင်လေးက အချိန်ဖြုန်းမိသလိုဖြစ်နေပေမဲ့ သူတို့နှစ်ယောက်လုံး ဒါနဲ့ပတ်သတ်ပြီး ဘာစကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြပြန်ဘူး။
နှစ်ယောက်သား မျက်နှာချင်းဆိုင်သာထိုင်ထားမိရင်း ညနေစောင်းလာတဲ့အချိန်ကို အလုပ်မရှိအလုပ်ရှာကာ ထိုင်စောင့်နေကြတဲ့ အရူးတွေလိုပေါ့။
ရှောင်းကျန့်ကိုယ်တိုင်ဖျော်တိုက်တဲ့ ကော်ဖီကိုသာ ဝမ်ရိပေါ်က ဇိမ်ခံပြီးတစ်စက်ချင်းသောက်နေမိတယ်။
ဘဝတစ်လျှောက် သောက်ဖူးခဲ့သမျှကော်ဖီတွေထဲ ဒါကအကောင်းဆုံးတစ်ခွက်ပါလို့ပြောခဲ့ပေမဲ့လည်း ရှောင်းကျန့်ကတော့ မယုံကြည်သလို အလေးမထားသလို ရယ်ပဲရယ်နေခဲ့တာလေ။
"မင်း ဗိုက်မဆာဘူးလား။ "
ခြောက်နာရီထိုးလာတဲ့အချိန်မှာ ရှောင်းကျန့်က လက်ကနာရီကိုကြည့်ရင်း မေးလာခဲ့သည်။
"မဆာဘူးလို့ပြောချင်ပေမဲ့ ကျွန်တော် ခင်ဗျားနဲ့တွေ့ကတည်းက ဘာတစ်ခုမှမစားရသေးဘူး။ "
"ဒါဆို မင်းတစ်ခုခုစားလိုက်တာ ပိုကောင်းမယ်ထင်တယ်။ ငါမင်းအတွက် ဟင်းတွေနွေးပေးနိုင်ပါတယ်။ ငါ့ခြေထောက်က အဆင်ပြေလာသလိုရှိနေပြီ။ "
ရှေ့ကိုထုတ်ပြလာတဲ့ခြေထောက်က မနက်ပိုင်းကထက်တော့ အယောင်လျော့သွားချေပြီ။
ဝမ်ရိပေါ် အဲ့ဒီခြေချင်းဝတ်ကိုသာစိုက်ကြည့်ရင်း လက်ကကော်ဖီခွက်ကိုင်းကို တဖွဖွကိုင်ဆုတ်နေသည်။ရှောင်းကျန့်က အနည်းငယ်ထော့နဲ့ထော့နဲ့ဖြစ်လျက်နဲ့ ဟင်းရည်အိုးရှိရာကို လျှောက်သွားရင်း မီးဖွင့်ကာ အေးစက်နေတဲ့ဟင်းအတွက် ပြန်ပြင်ဆင်တယ်။ ထို့နောက် ထမင်းအိုးဘက်သွားလိုက်ရင်း ချွေးစစ်တယ်။
ESTÁS LEYENDO
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfic"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။