အပိုင်း ၂၃

794 111 11
                                    


[Unicode]

အိမ်ရဲ့အတွင်းပိုင်းမှာ မြေစိုက်ဆင်းသွားရတဲ့ အခန်းတစ်ခန်းရှိတယ်။ ဧည့်ခန်းကနေ အနောက်ဘက်ပိုင်းကို တောက်လျှောက်ဝင်သွားမယ်ဆို လူတစ်ယောက်စာလမ်းကျဥ်းလေးနဲ့ အလျှိုအမြောင်သဘောလုပ်ထားတာမျိုး။

လမ်းအဆုံးမှာတော့ အမျိုးအစားစုံလင်တဲ့ နှစ်ချို့ယမကာတွေစုထားတဲ့အခန်းကိုရောက်မယ်။ နီယွန်းယွန်းမီးရောင်ဟာ အခန်းထဲနှစ်ဆယ့်လေးနာရီရှိထားပြီး ပတ်လည်ဝန်းရံထားတဲ့ နံရံကပ်စဥ်တွေထက်မှာတော့ မရေမတွက်နိုင်တဲ့ အရွယ်အစားစုံပုလင်းတွေရှိတယ်။

ရှောင်းကျန့် အခန်းတံခါးကိုဆွဲဖွင့်လို့ ဝင်ပြီးပြီးချင်း လူတစ်ယောက်ကလည်း သူ့နောက်ကနေလိုက်ဝင်လာတယ်။ အခန်းရှေ့မရောက်ခင်ကတည်းက နောက်ကပါလာတယ်ဆိုတာသိပေမဲ့ လှည့်မကြည့်ခဲ့ဘူး။

လိုက်လာတဲ့ ခြေလှမ်းတွေက တုတ်ဆတ်ဆတ်နဲ့ အသံမထွက်စေတာမျိုးမဟုတ်သလို တိတ်တိတ်လေးလိုက်နေတာမျိုးလည်းမဟုတ်လို့ လူမသိအောင်လုပ်နေတာမဟုတ်ဘူးမှန်း သိသာတယ်။

အဖေတွေအတွက် ရှောင်းကျန့်က ဝီစကီတွေတင်ထားတဲ့စဥ်ဘက် သာသာပဲလျှောက်လို့ မျက်လုံးဝေ့ကြည့်လိုက်တယ်။
Buffalo Trace ၊ Henry Mckenna၊ Glen Dronach၊ Pikesville၊ Lot No.40၊ West Cork၊Four Roses...

တကယ်တော့ ဘာရွေးပေးရမှန်း ရှောင်းကျန့်မသိဘူး။ သူ့လက်ဖျားတွေက ပုလင်းတွေအလိုက် ရွေ့လျားသွားရင်း လက်တစ်ဖက်ကတော့ သူ့ဘောင်းဘီအိတ်ထဲခပ်အေးအေးနှိုက်ထားတယ်။

ရုတ်တရက် နောက်ကျောက နွေးခနဲဖြစ်သွားတဲ့ကိုယ်ငွေ့နဲ့အတူ ဘောင်းဘီအိတ်ထဲနှိုက်ထားတဲ့လက်ကို ဆွဲဆောင့်ခြင်းခံလိုက်ရတယ်။

"ခင်ဗျား..."

တုန်လှုပ်ခြင်းမရှိ လှည့်ကြည့်လာတဲ့ မျက်ခုံးရှုံ့ထားတဲ့အကြည့်။ ဝမ်ရိပေါ်ကို အလိုလိုနှုတ်ဆိတ်သွားစေတယ်။ ပြောဖို့ပြင်လာတဲ့စကားလုံးတွေက သူ့နှုတ်ခမ်းဖျားမှာပိတ်လှောင်လို့ ဘယ်ပျောက်သွားမှန်းတောင်မသိဘူး။

သူ့ရှေ့ကလူဟာ ဆွဲခံထားရတဲ့လက်ကို တစ်ချက်ငုံ့ကြည့်ပြီး စိတ်ရှုပ်တဲ့မျက်လုံးတွေနဲ့ ခက်ဆတ်ဆတ်ရုန်းဖယ်ပစ်တယ်။ လွှတ်သွားတဲ့ဝမ်ရိပေါ်ရဲ့လက်ဖျားက အနောက်မှာချထားတဲ့ ထိုင်ခုံနဲ့သွားဆောင့်တယ်။ လက်ဆစ်တွေက ထုံကျဥ်ကျဥ်နဲ့နာတယ်။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Where stories live. Discover now