[ Unicode ]အိမ်ထဲဝင်ဝင်ချင်း တီဗီရှေ့က စားပွဲပုလေးပေါ် ချထားတဲ့ ကင်မရာတစ်လုံးနဲ့ စကိတ်ဘုတ်အနက်လေးက ရှောင်းကျန့်ရဲ့အာရုံကို ဖမ်းစားသွားသည်။
ဘေးလွယ်အိတ်လေးကိုအမြန်ချရင်း ကင်မရာကိုကောက်ကိုင်ပြလာတဲ့ ရှောင်းကျန့်က တအံ့တသြနဲ့ နောက်မှာရပ်ထားတဲ့ ဝမ်ရိပေါ်ဆီလှည့်ကြည့်သည်။
"ဒါတွေပါ ဝယ်ခဲ့တာလား။ "
"အင်း။ ဒီမှာနေတဲ့အတွင်း လိုလိုမယ်မယ်မှတ်တမ်းယူစရာရှိရင် ယူရအောင်ပါ။ "
Fujifilm x100V တံဆိပ်။ အထင်မကြီးပဲမနေနိုင်အောင် ကောင်လေးကို ရှောင်းကျန့် အထင်ကြီးမိရပြီ။ အများကြီးမသိရင်တောင် အနည်းဆုံးတော့ ဒေါ်လာထောင်ကျော်လောက်ရှိမဲ့ ဒီကင်မရာရဲ့စျေးကို ရှောင်းကျန့်ခန့်မှန်းတတ်ပါသည်။
ပြီးတော့ ဒီနေ့ဝယ်လိုက်တဲ့ ဆိုင်ကယ်ဟာဆိုရင်လဲ ဘယ်လောက်တောင် စျေးကြီးလိုက်မယ်မသိ။ တစ်နေ့ထဲ တစ်ရက်ထဲနဲ့ ဒီလိုငွေပမာဏအများကြီးကို နာရီပိုင်းအတွင်းသုံးဖြုန်းလိုက်တဲ့ ဝမ်ရိပေါ်ရဲ့ အခြေနေဟာ သာမာန်ချမ်းသာတဲ့စာရင်းဝင်တောင်မဟုတ်ဘူးထင်တယ်။
ရှောင်းကျန့် တကယ်ကို ပါးစပ်ဟလျက်သားနဲ့ ငေးကြည့်နေမိတော့သည်။ ဝန်ခံရရင် ကောင်လေးကို ရှေ့ရက်တွေက အဲ့ဒီလောက်ထိ အထင်မကြီးခဲ့တာအမှန်။
"ခင်ဗျား အဲ့လောက်ထိဖြစ်ပြမနေပါနဲ့။ ထင်သလောက်လည်း စျေးမများပါဘူး။ ဖြစ်နိုင်ရင် ကျွန်တော်က ဒီထက်ခေါင်ခိုက်နေတဲ့ အမျိုးအစားတွေဝယ်လိုက်ချင်တာ။ ဒါပေမဲ့ အဲ့ဒီစိတ်တွေ ဒီရောက်လာမှတဖြေးဖြေးပျောက်လာလို့။ "
"မင်း...မင်းက မိဘပိုက်ဆံကို တန်ဖိုးမထားတတ်တဲ့ ဂျလေဘီလေးပဲ။ ဆိုးလိုက်တာ။ "
မျက်နှာလေးရှုံ့ပြီး ရှောင်းကျန့်ကတော့ နှမြောသသနဲ့ ပြစ်တင်သလိုဆိုသည်။
ဒီတော့ ဟက်ခနဲရယ်သံနဲ့ ဝမ်ရိပေါ်က ဆံပင်တွေကိုပင့်သတ်လိုက်ပြီး ရှေ့ကိုတိုးလာတယ်။ ပြီးတော့ ရှောင်းကျန့်လက်ထဲက ကင်မရာလေးကို ဆွဲယူလိုက်သည်။
ESTÁS LEYENDO
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfic"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။