အပိုင်း ၁၂

839 125 4
                                    

[Unicode]

အောက်ပိုင်းနေရာကနေရခက်စွာနှင့် ခါးကိုပါဖိကိုင်ရင်း ရှောင်းကျန့် အခန်းပြင်ကိုထွက်လာရသည်။ ညက သူ့အပေါ်လှုပ်ရှားမှုပြုသွားတဲ့ ကောင်လေးရဲ့အရှိန်က အနည်းငယ်ဆိုးသည်မို့ ဒီလောက်တော့ အကျိုးသက်ရောက်မှုရှိလာမယ်ဆိုတာကို သူခန့်မှန့်မိပြီးသားပါ။

ထမင်းစားခန်းအဝနားမှာ ဖြစ်ကတတ်ဆန်းကျထားတဲ့ စကိတ်ကိုမြင်တော့ ခေါင်းတခါခါနဲ့ ကောက်ယူရင်း တစ်ယောက်တည်းတိုးတိတ်စွာရယ်မိလိုက်တယ်။ တော်သေးလို့....ဟိုနံရံကပ်ဗီဒိုကြီးဆီသာ ဒီစကိတ်ပြန်သွားမှန်လိုက်ရင်ဖြင့် မရှိမဲ့ရှိမဲ့ မားမားရဲ့အမွေလေးက ခြစ်ရာတွေဗရပွနဲ့ရုပ်ဆိုးသည်ထက်ဆိုးတော့မည်။

မနက်စာအတွက်တော့ ရှောင်းကျန့်က ဖုန်းတစ်လုံးနှင့်ပင် ဆက်သွယ်မှာယူလိုက်ပါသည်။ အိပ်ရာထတာက နောက်ကျသွားလို့ ကိုယ်တိုင်ပြင်ဆင်ဖို့ အချိန်မရှိတော့သလို သူ့ရဲ့အချိန်ပိုင်းအလုပ်လဲသွားရဦးမည်မလား။

ရေချိုးပြီးတော့ အချိန်ကခုနစ်နာရီခွဲနေပြီ။ အခုထိ ရထားပေါ်ကကောင်လေးက ရှောင်းကျန့်ရဲ့အခန်းထဲကနေ ထွက်မလာနိုင်သေးဘူး။ ကော်ဖီနှစ်ခွက်ကို ပုံမှန်အတိုင်းဖျော်ရင်း ရှောင်းကျန့်ကတော့ အလိုလိုပြုံးနေမိတယ်။ မနက်စာမရောက်လာသေးတဲ့ချိန်အတွင်း ဒီကောင်လေးကိုနှိုးပြီး အချိန်မှီပြင်ဆင်ခိုင်းမှဖြစ်မယ်လို့လည်း တွေးနေသေးတယ်။

"ဟော..."

တိတ်တဆိတ်နဲ့ရုတ်တရက် ညာဘက်ပခုံးနဲ့လည်ပင်းကြားတိုးဝင်လာတဲ့ လေထုနွေးနွေး။ ကော်ဖီဖျော်လက်စကိုအဆုံးသတ်ရင်း ရှောင်းကျန့် သူ့အနောက်ကနေ ခါးထက်ပွတ်သပ်ဖက်သွယ်ကာ လည်တိုင်ကိုထပ်တလဲလဲနမ်းနေတဲ့ ဝမ်ရိပေါ်ဆီလှည့်ကြည့်လိုက်သည်။

"ငါမင်းကို လာနှိုးတော့မလို့ပဲ။ မြန်မြန်ရေချိုးလိုက်တော့ ရထားပေါ်ကကောင်လေး။ ငါအလုပ်သွားရတော့မယ်။ "

ခါးထက်ကလက်တွေ တမဟုတ်ချင်းလျော့ကျသွားတာကို ရှောင်းကျန့်သတိထားမိတယ်။ ဒါပေမဲ့ မသိသလိုဟန်ဆောင်ရင်း အပြုံးတစ်ခုကို မနက်ခင်းလက်ဆောင်ပေးမိတော့ ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြောင်တောင်တောင်ပြန်ကြည့်နေတဲ့ ဝမ်ရိပေါ်။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Hikayelerin yaşadığı yer. Şimdi keşfedin