[Unicode]ခပ်အဲ့အဲ့တံခါးရွက်ပွင့်သံနဲ့အတူ ဝမ်ရိပေါ်ဟာ ကလေးငယ်ရဲ့လက်ကိုဆွဲလို့ အခန်းထဲကို ကြည့်လိုက်တယ်။ အဖြူရောင်ပိတ်စနဲ့ခြုံလွှမ်းထားတဲ့ ကိုယ်ထည်ကြီးမားတဲ့အရာတစ်ခုက အခန်းထဲနေရာယူထားရင်း ကျန်တဲ့အရာတွေက အရင်လိုပဲ ဘာမှမပြောင်းလဲဘူး။
ဝမ်ရိရင်က နေရာအသစ်ဆန်းကိုရောက်လာတာကြောင့် ပျော်ရွှင်သွက်လက်စွာနဲ့ သူ့အဖေလက်ထဲကရုန်းထွက်ပြီး အခန်းထဲပြေးဝင်တယ်။ ခုတင်ပေါ်တအိအိခုန်လို့လဲ ဟိုဟိုဒီဒီလိုက်စပ်စုနေတယ်။
ဝမ်ရိပေါ်ဟာ အခန်းတံခါးကိုပြန်ဆွဲပိတ်ပြီးတာနဲ့ ပိတ်စအဖြူနဲ့ခြုံထားတဲ့အရာဆီ ဖြေးဖြေးပဲလျှောက်သွားလိုက်တယ်။ အခန်းက လူမနေတဲ့အငွေ့အသက်မရှိသလို ပစ္စည်းအသေးအမွှားလေးတွေမှာကအစ ဖုန်တက်နေခြင်းလည်းမရှိဘူး။ သပ်သပ်ရပ်ရပ်နဲ့ နေ့တိုင်းအဝင်အထွက်ရှိတဲ့ပုံပေါ်တယ်။
ပိတ်စကိုဆွဲဖယ်လိုက်တော့ သူ့အသက်နှစ်ဆယ့်သုံးနှစ်ကျော်က ဒေါ်လာထောင်ချီပေးဝယ်ခဲ့ရတဲ့ Yamaha MT 07 ဟာ တောက်ပြောင်စွာနဲ့ အတိတ်ကစာမျက်နှာတွေဆီ လွမ်းဆွေးစွာပုံဖော်ရင်း ကြိုဆိုတယ်။
ညာဘက်လက်နဲ့ ဆိုင်ကယ်ရဲ့ကိုယ်ထည်ကိုပွတ်သပ်ပြီး ဝမ်ရိပေါ်က သူ့မျက်လုံးတွေကိုမှိတ်ချထားလိုက်တယ်။ မျက်ရည်ကျဖို့တောင် ပင်ပန်းသွားရတဲ့အထိ သူချုပ်တည်းထားခဲ့ရတဲ့အရာတွေဟာ နောက်ဆုံးတော့လည်း
ဘဝတစ်ကွေ့ကို ဒီလိုစိတ်ပျက်စရာအဆုံးသတ်နဲ့ အဆုံးသတ်ဖို့အတွက်ပဲပေါ့။ဘာမှမသက်ဆိုင်ကြတော့သလို အဆင်ပြေပြေနဲ့ ရှေ့ဆက်မတိုးတော့ဖို့ဆုံးဖြတ်ခဲ့တဲ့ လွန်ခဲ့တဲ့အချိန်တွေထဲမှာ သူအမြဲတွေးခဲ့ဖူးပါတယ်။ ဗလာသက်သက်နေရာမှာ လူတစ်ယောက်ကိုချစ်ရင်းနဲ့ အသက်ရှင်ရတဲ့ကာလက သူ့အတွက် အနည်းငယ်လေးဖြစ်ဖြစ် အဆင်ပြေဦးမှာပါလို့ပေါ့။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုက်ရှာနေခဲ့ရတယ်။ ဘယ်တော့များ အဲ့ဒီလူနောက်လိုက်လို့ သူထပ်ပြီးရူးမိုက်နိုင်ပါဦးမလဲလို့ စိတ်ပျက်ဖို့ကောင်းအောင် စဥ်းစားနေရတယ်။
ESTÁS LEYENDO
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfic"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။