လင်ရှုက စုချန်ရဲ့ ခွေးခေါင်းလေးကို ပွတ်သပ်ပေးတယ်
*****စုချန် အရမ်းလန့်သွားပြီး ဆီးအိမ်ပါတင်းကျပ်လာသလို ခံစားလိုက်ရတယ်၊ လင်ရှုရဲ့ကိုယ်ပေါ်မှာ ရှူးပေါက်ချမိလုနီးပါးပဲ။
တကယ်တော့ မြင်ကွင်းထဲမှာရှိသမျှ အရာအားလုံးကို လိုချင်ကြတယ်ဆိုတဲ့ Toy poodle တွေရဲ့ဂုဏ်သတင်းကို သူ ကြားဖူးတယ်။
"ဝုတ် ဝုတ် ဝုတ်!"
ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့!
စုချန် မျက်နှာပြာနှမ်းလာတဲ့အထိ စူးခနဲအော်ပြီး သူ့အသက်မူတည်နေသလိုမျိုး လင်ရှုရဲ့ ရင်ခွင်ထဲကို တိုးဝင်လိုက်တယ်။
"သွား၊ သူတို့နဲ့ သွားဆော့လေ။"
လင်ရှုက လုံးဝသဘောမပေါက်လေဘူး။ ပြောင်းပြန်အနေနဲ့ သူက မကောင်းတဲ့ကောင်တွေကို ကူညီပြီး စုချန်ကို ခွေးအုပ်ကြီးရဲ့အလယ်မှာ ချပေးလိုက်သေးတယ်...စုချန် တစ်ခါက ရေတွက်ဖူးပြီးသား။ နတ်ဘုရားရဲ့အိမ်မှာ toy poodle (၆)ကောင်မွေးထားတယ်။ toy poodle ရူးတစ်ယောက်ပဲ။
သူ မပါရင် (၅)ကောင် ရှိတယ်။
စုချန် ကြမ်းပြင်ကို ထိရုံရှိသေး အာသာဆန္ဒပြင်းပြနေတဲ့ အဲဒီတခြား (၅)ကောင်က စိတ်မရှည်စွာနဲ့ သူ့ခန္ဓာကိုယ်ပေါ် တက်လာကြတော့တာပဲ...
စုချန် အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်စွမ်းတွေ ကုန်ဆုံးသွားပြီး ကျယ်ကျယ်လောင်လောင် ဟောင်လိုက်တော့တယ်။
"ဝုတ် ဝုတ် ဝုတ်!?"မင်းရဲ့အနာဂတ်ဇနီးလေးကို ကျားသားရဲတွင်းထဲ တွန်းပို့လိုက်မိပြီဆိုတာ မင်း သိရဲ့လားလို့!?
ဒါပေမဲ့ (၁၀)စက္ကန့် ကြာပြီးနောက်တော့ စုချန် နားလည်သဘောပေါက်သွားတယ်.. ဒီ (၅)ကောင်က... သူတို့အားလုံးက ကုန်းကုန်းတွေပဲ။
သူတို့က toy poodle တွေရဲ့ သဘာဝဗီဇကို ထိန်းသိမ်းထားဆဲ၊ အရာဝတ္ထုတွေအပေါ် တက်ပြီး သံဝါသပြုချင်နေကြဆဲပဲဆိုပေမဲ့ သူတို့အားလုံးက တကယ်ကြီးကို ကုန်းကုန်းတွေ...
![](https://img.wattpad.com/cover/270376748-288-k400483.jpg)
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.