ပန်းရောင် စတော်ဘယ်ရီအဆင်
*****လင်ရှုက အကောင့်တုကို ခဏလောက် ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွ သုံးပြီးမှ သူ့ရဲ့ အဓိကအကောင့်ထဲ ပြန်ဝင်ကာ စုချန်ရဲ့ ဒဏ်ရာရနေတဲ့နှလုံးသားလေးကို ကုစားပေးဖို့အတွက် မတန်တဆလက်မှတ်တချို့ကို ပေးပြန်တယ်။
ဒီအပြင် သူက သူ့ရဲ့ စိတ်ကစဥ့်ကလျားရောဂါဖိစီးနေတဲ့ အကောင့်တုဆီ အပြေးသွားပြီး သူ့ကိုယ်သူ ပြန်အပြစ်တင်လိုက်သေးတယ် : မင်းက ရူးနေတာပဲ၊ ဖတ်ရတာ မကြိုက်ရင်လည်း မြန်မြန်ထွက်သွားလိုက်တော့!
စုချန် : ......
ပြီးတော့ ဒီစိတ်ကွဲအသွင်ရှိတဲ့ အရူးနတ်ဆိုးကြီးက ကော်ဖီနှပ်ရင်း တပျော်တပါးနဲ့ သီချင်းတအေးအေးညည်းနေတော့တယ်။
ဒါ့အပြင် သူညည်းနေတဲ့သီချင်းက မမျှော်လင့်ဘဲ《ဘုရင်က ငါ့ကို တောင်တန်းတစ်ခွင် ကင်းလှည့်စေတယ်》ဆိုတဲ့သီချင်း ဖြစ်နေပြန်တယ်။
(T/N: 2015 ခုနှစ်က ထွက်ရှိထားတဲ့ Surprise ဆိုတဲ့ ရုပ်ရှင်ရဲ့ ending theme ပါတဲ့။)စုချန် : ......
ဒီသီချင်းကို ကြားတော့ စုချန် ရုတ်တရက်ပဲ လွန်ခဲ့တဲ့တစ်လက အဖြစ်တစ်ခုကို ပြန်မှတ်မိသွားတယ်——
အဲဒီနေ့မနက်စောစောမှာ သူက အောက်ထပ်မှာ အမှိုက်သွားပစ်နေခဲ့တာ။ ရုတ်တရက် သူ လင်ရှုကို မြင်လိုက်ရတယ်၊ လင်ရှုက အားကစားဝတ်စုံ ဝတ်ထားပြီး သူ့ဘက်ကို လမ်းလျှောက်လာနေတုန်းမှာ ဖုန်းနဲ့ကလိနေတယ်။ ပြီးကျ ပြေးတဲ့အခါ နားထောင်ဖို့ သီချင်းရွေးနေတဲ့ပုံပဲ။
ဒါပေမဲ့ တကယ်တော့ သူ့နားကြပ်ကြိုးကို ဖုန်းနဲ့ မချိတ်ထားရသေးဘဲ သီချင်းသံက သူ့ဖုန်းစပီကာကနေ ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်လာတော့တယ်။ နားထောင်ကြည့်လိုက်တော့ သံစုံစပ်တေးသွားပုံစံမျိုးဖြစ်မဲ့ပုံရတယ်။
မနက်စောစောမှာ နေရောင်ခြည်က သူ့မျက်နှာပေါ် ဖြာကျနေပြီး သူ့ရဲ့ ချောမောခံ့ညားမှုနဲ့ အသားလတ်လတ်ကို ပိုပြီးလိုက်ဖက်စေတယ်။
စုချန်လည်း တံတွေးမျိုချလိုက်ပြီး ခံ့ညားတဲ့အပြုံးမျိုး ပြုံးပြကာ သူ့ရဲ့အိမ်နီးချင်းနတ်ဘုရားကို နှုတ်ဆက်ဖို့ အခွင့်အရေးကို ဖမ်းဆွဲလိုက်တော့တယ်။
"Good morning... အပြေးလေ့ကျင့်မလို့လား။"
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.