အရမ်းအရမ်းကို ခိုက်
*****စိတ်သက်သာရာရသွားတဲ့ စုချန်က အပိုင်းသစ်ဆက်ရေးဖို့ ရည်ရွယ်ချက်နဲ့ အိပ်ခန်းတံခါးဆီ ပြန်လျှောက်လာတယ်။
နတ်ဘုရားက တကယ်ကို ကြင်နာပြီး အမျိုးကောင်းသားပီသတဲ့လူတစ်ယောက်ပဲ... စုချန် တွေးမိတယ်။ ရှက်ရွံ့မှုနည်းနည်းလေး ရှိနေသေးပေမဲ့လည်း သူ့ရဲ့ ကနွဲ့ကလျနှလုံးသားလေးက ထိန်းချုပ်မရနိုင်အောင် တဒုတ်ဒုတ်ဖြစ်နေပြီ။
သူ တွေးနေချိန်မှာပဲ အိပ်ခန်းထဲကနေ လွန်လွန်ကဲကဲကို ရယ်နေတဲ့ ရယ်သံကြီးကို မသဲမကွဲကြားလာရတယ်။
လင်ရှု : "ဟားဟားဟားဟားဟားဟားဟား!"
စုချန် : ......
Fxxk! ဒီကောင် မြန်မြန်ဆန်ဆန် လှည့်ထွက်သွားတာက အိပ်ခန်းထဲမှာ ပုန်းရှောင်ပြီး ရယ်မလို့ပေါ့လေ!
"ဝုတ် ဝုတ် ဝုတ်!"
စုချန် ဒေါသတကြီးဟောင်လိုက်ပြီး တံခါးကို သူ့လက်နဲ့ ကုတ်ခြစ်ပစ်လိုက်တယ်။ အိပ်ခန်းထဲက ရယ်သံကလည်း ရုတ်ခြည်းရပ်တန့်သွားတော့တယ်။တံခါးပွင့်လာတယ်။ လင်ရှုက တံခါးနောက်မှာ ရပ်နေပြီး မျက်နှာက အမူအရာမရှိဘဲ စုချန်ကို ခေါင်းညိတ်ပြတယ်။ ပြီးတော့ ကွန်ပျူတာရှေ့မှာ သွားပြန်ထိုင်တော့တယ်။ webpage ကို လှန်လှောကြည့်နေရင်း တည်ကြည်တဲ့လေသံနဲ့ ပြောလာပြန်တယ်။
"မင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဘယ်အသုံးဝင်တဲ့အကိုးအကားကိုမှ ရှာမတွေ့သေးဘူး... မင်းမှာ သဲလွန်စလေးဘာလေးများ ရှိလား။"စုချန် : ......
စောနတုန်းကတော့ မင်း တပျော်တပါးကြီးကို ရယ်နေတာ မဟုတ်ဘူးလား အယုတ်တမာကောင်ရဲ့!
ဟန်ဆောင်နေတာ ရပ်လိုက်၊ မင်းရဲ့မျက်နှာအစစ်ကို ငါ မြင်ပြီးသွားပြီကွ!
လင်ရှုက သူ့ကို လှည့်ကြည့်လာပြီး လုံးဝလေးလေးနက်နက် မေးလာတယ်။
"ရှိလား။"စုချန် သွားဖြဲပြပြီး ခေါင်းခါလိုက်တယ်။
"ဝုတ်!"ငါ့ဖင်ကြီးပဲရှိ!
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.