အဲဒီနေ့က ကိုယ် ဘာဆုတောင်းခဲ့တယ်ဆိုတာကို မင်း သိလား?
*****စုချန် ထပ်သည်းမခံနိုင်တော့ဘူး။ တစ်ဖက်လူ ဘယ်လိုထင်မယ်ဆိုတာကို သူ ဂရုမစိုက်တော့ဘဲ အကျယ်ကြီး အော်ရယ်လိုက်တော့တယ်။ သူ့လက်ချောင်းတွေကို သုံးပြီး သူ့နှုတ်ခမ်းတွေပေါ် ကျန်ရှိနေတဲ့ လင်ရှုရဲ့အနွေးဓာတ်လေးကို ခပ်ဖွဖွပွတ်သပ်နေမိတယ်။
သူ အရမ်းအရမ်းပျော်နေပြီး အိပ်မက်လိုလိုတောင် ခံစားနေရတယ်။
"..... မင်းက တော်တော်လေးကို ပေါကြောင်ကြောင် ရယ်တာပဲနော်။"
လင်ရှုက တုန်နေအောင်ချစ်ရတဲ့လေသံမျိုးနဲ့ မှတ်ချက်ပေးလာတယ်။စုချန်ရဲ့မျက်နှာက ချက်ချင်းပဲ တောင့်တင်းသွားပြီး လင်ရှုကို စိန်းစိန်းဝါးဝါးကြည့်လာတယ် : ........
ဒီကောင်ကတော့... အချစ်ကိုရော ခံစားဖူးရဲ့လား?!
ငါတို့ဆက်ဆံရေးက စရုံလေးပဲ ရှိသေးတယ်လေ၊ ဒီတော့ သူ့ရဲ့ ထာဝရအချစ်တွေကို ချိုမြမြစကားလုံးလှလှလေးတွေနဲ့ အရူးအမူး ကတိပြုသင့်တာမဟုတ်ဘူးလား? ဟမ်?
လင်ရှုက စုချန်ကို ဆက်လက်စိုက်ကြည့်နေပြီး အမူအရာအပြောင်းအလဲတိုင်းကို သေချာမှတ်သားနေရင်း ပြောလာတယ်။
"မင်းက ကိုယ်နဲ့ မျက်နှာချင်းဆိုင်မှာနေတဲ့ အိမ်နီးချင်းဆိုတာကို ကိုယ်သိကတည်းကစပြီး မနက်တိုင်း ကိုယ့်မနက်ခင်းအပြေးလေ့ကျင့်ချိန်ကို မင်း မနက်စာထွက်ဝယ်မဲ့အချိန်နဲ့တိုက်အောင် တမင်တကာရွေးခဲ့တာ၊ မင်းနဲ့ အောက်ထပ်မှာ ဆုံအောင်လို့လေ... မင်း သတိထားမိခဲ့လား။"တွေ့ဆုံမှုတွေကို လင်ရှုက တမင်တကာ စီစဉ်ထားခဲ့တယ်ဆိုတာကို စုချန် ရုတ်တရက် နားလည်သဘောပေါက်သွားရတယ်။
"ငါ့မှာတော့ ဘာလို့ နေ့တိုင်းနီးပါး မင်းနဲ့တွေ့နေပါလိမ့်လို့ တွေးနေတာ!"....................
မနက် (၇)နာရီဝန်းကျင်လောက် သူ အောက်ထပ်မှာ မနက်စာဆင်းဝယ်ချိန်တိုင်း မနက်ခင်းအပြေးလေ့ကျင့်တဲ့ နတ်ဘုရားနဲ့ မတော်တဆဆုံနိုင်ခြေရှိတယ်လို့ စုချန် သိလိုက်ရကတည်းကစလို့ ခက်ခဲနေရင်တောင် သူ မနက် (၆:၃၀)မှာ ကုန်းရုန်းထ၊ မျက်နှာသစ် သွားတိုက်၊ ခေါင်းဖြီးပြီး အောက်ထပ်မှာ ဘန်းမုန့်ပေါင်း ဆင်းမဝယ်ခင် သေသေသပ်သပ် ဝတ်စားခဲ့ရသေးတယ်။
YOU ARE READING
ဝုတ်!? {မြန်မာဘာသာပြန်}
Short Story汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.