ငါလေး ပြန်ပြောင်းသွားပြီ!
*****ကြက်ခြေထောက်တော့ ကင်လို့ပြီးသွားလေပြီ။
လင်ရှုက အပူခံလက်အိတ်ကိုစွပ်ပြီး အနံ့အရသာနဲ့ပြည့်စုံတဲ့ ကြက်ခြေထောက်ကို oven ထဲကနေ ထုတ်လိုက်တယ်။
"အစကတော့ ဒါကို မင်းစားဖို့အတွက် ငါ လုပ်ပေးချင်ခဲ့တာ၊ မင်း ညလယ်ခေါင်ကြီးမှာ ဗိုက်ဆာတယ်ဆိုပြီး အော်နေတုန်းက..."
လင်ရှုက မျက်လွှာချသွားတယ်။ ဓားသေးသေးလေးကို သုံးပြီး ကြက်ခြေထောက်ကို တစ်ပိုင်းချင်း လှီးလေတယ်။စုချန် ရင်ထဲအရမ်းထိလွန်းလို့ ဘာလုပ်ရမယ်မှန်းတောင် မသိတော့ဘူး။ သူ့ရဲ့ ပဲစေ့လို့မျက်လုံးနက်နက်လေးတွေထဲ မျက်ရည်တွေနဲ့ ပြည့်လာတော့တယ်။
"လာ၊ ငါ မင်းကို ခွံ့ကျွေးမယ်။"
လင်ရှုက စုချန်ကို လက်တစ်ဖက်နဲ့ ချီထားပြီး တခြားလက်တစ်ဖက်နဲ့ ပန်းကန်ကို ကိုင်ထားတယ်။ သူက ဆိုဖာပေါ် ထိုင်လိုက်ပြီးတဲ့နောက် တူတစ်စုံကို သုံးပြီး အသားပိုင်းသေးသေးလေးတစ်ခုကို ယူကာ စုချန်ရဲ့ပါးစပ်နား တေ့ပေးလာလေတယ်။နတ်ဘုရားခွံ့ကျွေးတာခံရတာက တကယ့်ကို အရမ်းပျော်ဖို့မကောင်းပါဘူးနော်။
စုချန် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပြီး သူ့ရဲ့တိုတိုသေးသေးအမြီးလေးကို ထိန်းချုပ်မရနိုင်အောင် တယမ်းယမ်းလုပ်နေမိတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဒွါရပေါက်လေးကို အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ တင်းကျပ်ကျုံ့ထားလိုက်တယ်။
ဘာလို့ဆို ဒီ toy poodle ရဲ့ ဒွါရပေါက်က တကယ်ကို ယုံစားလို့မရဘူး!
စုချန်ကတော့ ကျိန်းသေပေါက်ကို နတ်ဘုရားရဲ့ပေါင်ပေါ်မှာ အီးပါတာ၊ ရှူးပေါက်တာ၊ အီးပေါက်တာမျိုးတွေကို ထပ်လုပ်ခွင့်ပြုမှာမဟုတ်ဘူး။
လင်ရှုက ခပ်ဟဟရယ်ပြီး စုချန်ရဲ့အမြီးလေးကို ပွတ်ရင်း ခပ်နောက်နောက် ပြောလာတယ်။
"မင်းကိုယ်မင်း တကယ့်ခွေးပေါက်လေးတစ်ကောင်လို့ ယူဆနေတာပဲ။"စုချန်ရဲ့အမြီးလေးက ချက်ချင်းဆိုသလို တက်တက်ကြွကြွ စတင်လှုပ်ရွလာတော့တယ်။
VOUS LISEZ
ဝုတ်!? {မြန်မာဘာသာပြန်}
Nouvelles汪汪汪!? >> 吕天逸 Status - 15 chapters This is just a pure fan-translation.