Z- (၁၂) မျက်နှာချင်းဆိုင်အိမ်မှာနေတဲ့ အိမ်နီးချင်းက သောက်ရမ်းချောတယ်ဟ!

2K 256 3
                                    

မျက်နှာချင်းဆိုင်အိမ်မှာနေတဲ့ အိမ်နီးချင်းက သောက်ရမ်းချောတယ်ဟ!
*****


ဒီနေ့ သူ့မျက်လုံးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး အခုချိန်အထိ အရာအားလုံးက အလင်းရဲ့အလျင်နှုန်းနဲ့ ဝေါခနဲဒိုင်းခနဲဖြစ်ပျက်သွားတာ။

စုချန် ထပ်မစဉ်းစားနိုင်တော့သလို ခံစားလိုက်ရပေမဲ့ နတ်ဘုရားကို နမ်းရတာက တကယ်ကောင်းတယ်!

ဥပမာအနေနဲ့ ပြောရရင် သူတို့ပတ်လည်မှာ ပန်းကလေးတွေပွင့်လန်းလာသလိုပဲ။ ချိုမြိန်နွေးထွေးနူးညံ့တဲ့ ခံစားချက်လေးက အခန်းထဲ ပျံ့နှံ့စီးဆင်းသွားတော့တယ်။

"ကောင်း... ကောင်းပြီ။"
မျက်နှာရဲရဲလေးနဲ့ စုချန်က ခေါင်းလှည့်လိုက်တဲ့အခါ သူ့ပါးပြင်ပေါ် လင်ရှုရဲ့နှုတ်ခမ်းတွေနဲ့ ထိကပ်သွားစေလေတယ်။

လေထုကလည်း သည်းမခံနိုင်လောက်အောင်ကို ကြည်နူးဆွတ်ပျံ့ဖွယ် ဖြစ်လာတယ်။

ဒါပေမဲ့ သံသယဖြစ်စရာကောင်းတာက အဲဒီ toy poodle က ထပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြန်တာပဲ...

ဒီကံခေတဲ့ toy poodle နိုးမလာသေးသရွေ့ ဒီကိစ္စကြီးက မပြီးသေးဘူးလို့ စုချန် ခံစားနေရတယ်!

အမှောင်ထဲမှာ toy poodle ရဲ့ ဝိညာဉ်ကို ဆွဲခေါ်သွားပြီး ခန္ဓာကိုယ်အခွံလွတ်ကြီးကိုပဲ ချန်ထားခဲ့တဲ့ အင်အားတစ်စုံတစ်ရာ ရှိနေပြီး အချိန်မရွေး စုချန်လည်း ခွေးအဖြစ် ပြောင်းပြောင်းသွားဖို့ လွယ်နေပုံပဲ။

အစကတော့ စုချန်ရဲ့နှလုံးသားလေးထဲမှာ ချိုမြိန်မှုတွေနဲ့ ပြည့်နှက်နေတာ၊ ဒါပေမဲ့ ဒီအကြောင်းကိုလည်း စဉ်းစားမိရော သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့တယ်။

ကောင်းကင်ဘုံနဲ့ အမိကမ္ဘာမြေကြီးရေ... ဘယ်နတ်သမီးက ဒီလောက်တောင် ပျင်းရိနေရတာလဲ!
(T/N: သူ့ကို လှည့်ဖြားကစားရလောက်အောင် ပျင်းနေကြတာလားလို့ ပြောတာပါ။)

စုချန်တစ်ယောက် စိတ်ထဲကနေ အဆဲမုန်တိုင်းကြီး ဖန်တီးနေစဉ်မှာ လင်ရှုက အပြစ်ပေးသလိုမျိုး သူ့နှုတ်ခမ်းကို အသာကိုက်ပြီး မေးလာတယ်။
"ဘာတွေတွေးနေတာလဲ။"

ဝုတ်!? {မြန်မာဘာသာပြန်}Nơi câu chuyện tồn tại. Hãy khám phá bây giờ