U- (၄) အကျိုးအမြတ်ရဖို့အတွက် ဘာလို့အခွင့်အရေးမယူရမှာလဲ!

3.9K 974 44
                                    

အကျိုးအမြတ်ရဖို့အတွက် ဘာလို့အခွင့်အရေးမယူရမှာလဲ!
*****


တခြား toy poodle တွေကို ချွေးသိပ်ပြီးတဲ့အခါ လင်ရှုက စုချန်ကို ကောက်ချီလိုက်တယ်။ သူ့ကို ရင်ဘတ်နားမှာ ပွေ့ဖက်ထားပြီး ကွန်ပျူတာရှေ့မှာ ပြန်ထိုင်ကာ web page ကို လှန်လှောကြည့်ဖို့ အာရုံစိုက်လိုက်တော့တယ်။

"ငါ သံသယရှိနေသလိုပဲ၊ မိတ်လိုက်ချင်နေတာပဲ။"
လင်ရှုက ပါးစပ်ကနေထုတ်ပြောတွေးရင်း Pet forum စာမျက်နှာတချို့ကိုလည်း ပိတ်လေတယ်။ သူက စုချန်ရဲ့ ခွေးအဖွဲ့သားလေးကို ဆတ်ခနဲတောက်ရင်း ပြောလာတယ်။
"တောင်းပန်ပါတယ် ဘေဘီရယ်၊ သားဆက်ခြားတာကတော့ ပိုကောင်းပါတယ်။"

စုချန်ကတော့ သူ့ဘောလေးတွေ မယားဘဲမနေနိုင်တော့ဘူး။

ဒါပေမဲ့ ဒါကြီးက သင်းကွပ်တာလေ၊ သင်းကွပ်တာလို့! ဘယ်လိုလုပ်ပြီး မင်းရဲ့အမူအရာက အရမ်းကို စိုးရိမ်သောကကင်းပြီး ရွှင်လန်းတက်ကြွနေရတာလဲ!

ကျေးဇူးပြုပြီး နည်းနည်းလောက်တော့ ကြင်နာသနားပေးပါကွာ!

...ဒါပေမဲ့ သူ့ရှေ့မှာက ကွန်ပျူတာလေ၊ ကွန်ပျူတာကိုသုံးပြီး စာရေးတာကလည်း အကြံကောင်းပဲ။

စုချန် သင်ခန်းစာရပြီးသွားပြီ။ သူ ကွန်ပျူတာကို အလျင်စလို မဆွဲရဲတော့ဘူး။ အခု သူသာ ရှေ့တိုးပြီး စာရိုက်မယ်ဆိုရင် သူ keyboard ကို ထိလိုက်တာနဲ့တစ်ပြိုင်နက် ကျိန်းသေပေါက် လင်ရှုတားတာကို ခံရဦးမှာပဲ။ အနားမှာ လင်ရှု မရှိတော့တဲ့အချိန်ကို စောင့်ပြီးမှ ကွန်ပျူတာကို သူ့ဘာသာသူ တိတ်တိတ်ကလေး သွားဖွင့်ရမယ်။ ဒီအစီအစဉ်က အတော်လေးကို ယုံကြည်စိတ်ချရတယ်။ အခုကတော့...

စုချန် ချစ်ဖို့ကောင်းအောင် လုပ်ပြလိုက်တယ်၊ လင်ရှုရဲ့ရင်ခွင်ထဲ ကြားလေမသွေးအောင်တိုးဝှေ့ပူးကပ်ပြီး လင်ရှုရဲ့ပေါင်ကို သူ့ဖဝါးလေးနဲ့ နှစ်ကြိမ်ပွတ်သပ်လေတယ်။ မျက်နှာနီနီလေးနဲ့ သူ့နှလုံးခုန်သံတောင် စည်းချက်မှားသွားပြီး လင်ရှုရဲ့ 'ပစ္စည်း'ကိုတောင် ဖိမိသွားပြီ!

ဟီးဟီးဟီးဟီးဟီး အရမ်း ရှက်ဖို့ကောင်းတာပဲ! စုချန် ခေါင်းငုံ့လိုက်ပြီး သူ့လက်ဖဝါးလေးနှစ်ဖက်စလုံးကို သုံးကာ သူ့ရဲ့အမွေးထူထူခွေးမျက်နှာလေးကို ကာထားလိုက်တယ်။

ဝုတ်!? {မြန်မာဘာသာပြန်}Where stories live. Discover now